Mo & Han (6)

15.4K 1.6K 202
                                    

ပြန်ပေးဆွဲခံရပြီး အိမ်ကို ပြန်ရောက်လာတဲ့
မျောက်ပေါက်စက သူ့ပြန်ပေးဆွဲခံရတယ်
ဆိုတာ မသိပဲ ပုံမှန်အတိုင်းနေနေတာကြောင့်
အကုန်လုံး စိတ်သက်သာ သွားရတယ်။

Noel ကတော့ ဒီသားငယ်လေး အတွက်
စိတ်အေးရတယ်ဆိုပင်မဲ့ ဆေးရုံက သား
အတွက် စိတ်မအေး ဖြစ်နေတာကြောင့်
ထမင်းတောင်သေချာ မစားနိုင်.......။

အကုန်လုံး ဧည့်ခန်းမှာ ဆုံနေတဲ့အချိန်
ဇေယု စီက ဖုန်းဝင်လာတယ်။

”ဟယ်လို မင်း သတိရပြီ အဲ့တာဆေးရုံကို
လိုက်ခဲ့ကြတော့ ”

ဇေယု စကားတောင် မဆုံးသေး အကုန်လုံး
ကားပေါ်ပြေးတက်ကြတော့တယ်။

မေ သ ခင် လည်း အတူတူပဲ ဆေးရုံလိုက်ဖို့
ပြင်ပြန်တယ်။

သူတို့ ဆေးရုံကို ရောက်တော့ ဆေးရုံဝ မှာ
Samလည်း ရောက်နေတယ်။

”ဟမ် Sam ဘယ်လိုရောက်လာတာလဲ ”

မင်းဆက်ခ မေးလိုက်တော့ Sam မျက်နှာ
သိပ်မကောင်း......။

”Jabe အလောင်းက ဒီမှာ ”

သူတို့လည်း ဒီလို ကြားရတော့
Jabe အတွက် စိတ်မကောင်းဖြစ်မိတယ်။

သူတို့အကုန်လုံး မင်း ရဲ့  အခန်းစီကို
ချီတက်လာလိုက်တယ်။

မင်း ရဲ့ အခန်းထဲ ဝင်လိုက်တော့
ကုတင်မှာ ငုတ်တုတ်ထိုင်နေတဲ့ မင်း.......။

”သားငယ် သက်သာလား ဘယ်နားနာသေးလဲ ”

Noel မေးတော့ Noel ကို ပြုံးပြကာ
မင်းက ခေါင်းလေး ခါပြတယ်။

”သားငယ် က အားရှိပြီးသားပါ ဟုတ်တယ်မလား ”

မင်းဆက်ခ ရီကာ ပြောတော့ မင်း ပါလိုက်ရီ
တော့တယ်။

”ကိုကြီး ဟန်းလေး တက်လာမယ် ”

အခုမှ အသံထွက်လာတဲ့မျောက်ပေါက်စ
မင်း ကုတင်ပေါ်  မရမက အတင်းတွေ တွယ်
တက်နေတာ နောက်ဆုံး ဇေယု က
ချီတင်ပေးလိုက်ရတော့တယ်။

”ဖေလေး က အတော်ဆုံး ”

လက်မ လေးထောင်ကာ ပြောပြတဲ့
ဟန်းလေး........။

ပြီးတော့ ကုတင်ပေါ် ထိုင်နေတဲ့
မင်း နားကို တိုးကာ ရင်ခွင်ထဲ ခေါင်းလေး
တိုးပြီး.......။

Noel's Husband (Z & U)  Where stories live. Discover now