Part -15

22.1K 2K 72
                                    

မင်းဆက်ခ ညဘက်မအိပ်သေးပဲနဲ့
ထောင်ကလွတ်လာတဲ့ လူတွေ ရဲ့ Profile တွေကို
စစ်ဆေးနေလိုက်တယ် ။ 

သူ့ဘက်ပါလာအောင် အေးဆေးခေါ်လို့ရရင်
ပြသာနာမရှိပင်မဲ့ ခေါ်လို့မရရင် တော့ အဲ့လူ
ရဲ့မိသားစုနဲ့ အကြပ်ကိုင်ရမယ်လေ

မင်းဆက်ခ စစ်ဆေးနေရင်း အိပ်ခန်းထဲက
အသံသေးသေးလေးကြောင့်
ထသွားပြီးကြည့်လိုက်တော့ Noel ယောင်တာ....။

ဘာယောင်နေလဲ သိချင်လို့အနားကပ်သွားတော့

”Anna သမီးလေး ဖေဖေ တောင်းပန်ပါတယ်
ဖေဖေ ကိုထားမသွားပါနဲ့ ”

ဆိုပြီးယောင်နေခြင်း......။

သူ လက်စားချေချင်တာ နဲ့ Anna လေးကို အသုံးချပြီး Noel ကိုနာကျင်စေနေပြီလားလို့တောင်
မင်းဆက်ခ တွေးမိတယ်

ယောင်နေတဲ့ ကလေး ကို ပွေ့လိုက်တော့
မျက်လုံးလေး ပွင့်လာရှာတယ်
ပြီးတော့ မျက်ရည်လေးကျပြီး

”ဦးဆက် Anna လေးက က ကျွန်တော့်ကိုထားခဲ့ပြီ
ည တိုင်း Anna လေးကို အိပ်မက်မက်နေရတာ
ပင်ပန်းနေပြီ ”

ဆိုကာ ရင်ခွင်ထဲတိုးကာ အသာကုန်ငိုတော့တယ်

သူ့အမှားလည်းပါတာကြောင့်
မင်းဆက်ခ ဘာမှမပြောနိုင်ပဲ
Noel ကျောလေးကို သာ ပုပ်ပေးနေလိုက်တယ်

Noel အဲ့လိုအိပ်မက်တွေမက်နေတာ သမီးလေး
ဆုံးတဲ့ နေ့ကတည်းက......။

အခုဆုံးတာ နှစ်ပတ်တောင်ရှိတော့မယ် ဆိုပင်မဲ့
အခုချိန်ထိ မပျောက်သေး.....။

မင်းဆက် သဘက်ခါ ကျရင် မြန်မာပြည်ကို
ပြန်ရမယ် ဒီမှာ ဆက်နေရင် Noel တခုခုဖြစ်မှာ
ကို စိုးရိမ်မိတယ်

သူတို့ ညစာ ဆင်းစားတုန်းက လည်း Sam က
ဟိုတယ်ကိုရောက်လာပြီး ညစာ လာစားတယ်

တိုက်ဆိုင်တာတော့မဖြစ်နိုင်ဘူးဆိုတာ မင်းဆက်ခ
သိတယ်လေ

သူ Noel နားလိုက်ကပ်နေတာကို မင်းဆက်ခ လုံးဝမကြိုက်.....။

ခဏ နေတော့ ရင်ခွင်ထဲက အကောင်သေးသေးလေးက ငိုရလို့မောပြီး အိပ်ပျော်သွားရှာပြီ

Noel's Husband (Z & U)  Where stories live. Discover now