Part -28

19.3K 1.9K 290
                                    

မေ့လဲ နေတဲ့ Noel ကိုယ်လေးကို အိပ်ခန်း
ထဲမှာ ချပေးပြီးတာနဲ့

စခန်းက ဆရာဝန်တစ်ယောက်က
လာရောက်စစ်ဆေးပေးတော့တယ်။

”ခေါင်းဆောင် ဟိုလေ...... ဟို ”

သူ့ကို မပြောပဲ တဟိုဟို လုပ်နေတဲ့
ဆရာဝန်ကြောင့် မင်းဆက်ခ မျက်မှောင်ကုတ်
ကြည့်လိုက်တော့မှ......

”ဒုခေါင်းဆောင်စီမှာ ကိုယ်ဝန်ရှိနေတယ် ”

”ဟမ်..... ”

မထင်ထားတဲ့ စကားကြောင့် မင်းဆက်ခ လန့်သွားတာ
အမှန်......။

”ဟုတ်တယ် ခေါင်းဆောင် ကိုယ်ဝန်က
သုံးပတ်လောက်ရှိနေပြီ ”

”ငါနဲ့ရတာပေါ့ ”

ကြောင်တောင်တောင်နဲ့လာမေးနေတဲ့
မင်းဆက်ခ ကြောင့် ဆရာဝန် ခေါင်းခေါက်ကာ
ပြောချင်သော်လည်း ခေါင်းဆောင် မို့လို့
ပြောလို့က မရ.......။

”ဟုတ်ကဲ့ ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်
ပေါင်းစပ်ပြီး ရလာတဲ့ ကလေး ပါ ”

မင်းဆက်ခ သူ့အသားသူလက်နဲ့ ဆွဲဆိတ်ကာ

”အယ် အိပ်မက်မဟုတ်ဘူး ဟ ”

မယုံကြည်ဖြစ်နေတဲ့ မင်းဆက်ခ ကို
ထားခဲ့ကာ အကုန်လုံးအခန်းပြင်
ထွက်လာလိုက်ကြတော့တယ်။

မင်းဆက်ခ အခန်းထဲမှာ အိပ်နေတဲ့
Noel ဘေး အသာလေး
ဂရုတစိုက်ဝင်ထိုင် မလို့ ကြံပြီးမှ

”ကလေး ကို တက်ဖိမိရင် ဘယ်လို လုပ်မလဲ
မ​ဖြစ်သေးပါဘူး ခုံနဲ့ ထိုင်မယ် ”

ဆိုကာ ခုံဆွဲယူ ပြီး ကုတင်ဘေးမှာ ငြိမ်ငြိမ်လေး
ထိုင်ကြည့်နေပြန်တယ်။

ပြီးတော့ Noel မျက်နှာလေးကို လက်ကလေး
တွေနဲ့ အသာအယာထိနေပြန်တယ်။

”ချစ်လိုက်တာ ကို့ အသက်လေး ”

ခဏအကြာမှာတော့ Noel
တစ်ယောက်မျက်လုံးပွင့်လာပြီး......

”အဟင့် ဦးဆက် ”

ဆိုကာ ငိုတော့တယ်။

ငိုနေတဲ့ ကလေးကို မင်းဆက်ခ
ရင်ခွင်ထဲ ထည့်ချော့နေရပြန်ကော......။

Noel's Husband (Z & U)  Where stories live. Discover now