Part -31

19.2K 1.7K 251
                                    

"မောင်ရင်တို့ ထမင်း စားလို့ ရပြီ ”

ကြီးတော် က ထမင်းစားဖို့ခေည်နေတာကြောင့်
စကား စ ဖြတ်ကာ ထမင်းဝိုင်း ကို ပြောင်း
လိုက်တော့တယ်။

ငပိရည်တို့စရာ ရယ် ကြက်သား တောချက်လေး
ကို ဘူးသီးလေးနဲ့ ရောထားသေး.....။

စွပ်ပြုတ်ကလေးကော ငါးကြော်လေးရော
ဖွယ်ဖွယ်ရာရာ.......။

”ကြီးတော်ရယ် တကယ့်ကို ဖွယ်ဖွယ်
ရာရာပဲ ”

”မောင်ရင်တို့ အားမနာစားကြတော့ ”

”စားမှာဗျာ စိတ်ချ ”

မင်းဆက်ခ ပန်းကန်တွေ ကြည့်လိုက်တော့
ဇွန်းမရှိဘူး ထမင်းကို လက်နဲ့ စား
တာ မြန်မာ့အလေ့အထ ပဲလေ....။

”ဦးဆက် ဇွန်းမရှိဘူးလား ”

အနားကို ကပ်ကာပြောလာတဲ့ Noel
ကြောင့် ကြီးတော် ကလည်း ရိပ်မိတယ်ထင်တယ်။

”ဟဲ့ကောင်မလေးတွေ ဘုန်းကြီးကျောင်းမှာ
ဇွန်းခရင်း သွားငှားကြစမ်း ”

ကြီးတော် စကားဆုံးတော့ Noel
အသည်းအသန် ခေါင်းခါကာ

”တကူးတကကြီး မယူပါနဲ့ ကြီးတော် ရယ်
ဒီလိုပဲ စားလိုက်ပါ့မယ် ”

”လာ ကိုယ် ခွံကျွေးမယ် ”

”ဟုတ်ကဲ့ ”

မင်းဆက်ခ လက်ကို သေချာ ဆေးပြီး ထမင်းကို
ငပိရည်နည်းနည်းရယ် ကြက်သား
အရည်လေးရယ် သေသေချာချာ
နယ်နေတော့တယ်။

Sam လည်း မစားတတ်လို့ တိုင်ပတ်နေတာကို
ဇေယုတွေ့တော့ ခိုးရီမိကော......။

”ခင်ဗျား ကို လည်း ကျွန်တော် ခွံပေးမယ်
လာ ဒီဘက်တိုး ”

ဇေယု စကားကြောင့် Sam ဇေယု နား
ကပ်သွားတော့တယ်။

မင်းဆက်ခ နယ် ပြီးတာနဲ့ Noel ကို
စခွံရပြီ......။

”ကလေး..... အာ ”

ကလေးတွေ ထမင်းကျွေးသလို တယုတယ
ကျွေးနေတဲ့ မင်းဆက်ခကြောင့်
ရွာသားတွေက လည်း တပြုံးပြုံး ။

ဇေယု လည်း အဲ့အတိုင်းပဲ......။

Noel ကတော့ မင်းဆက်ခ ကျွေးတဲ့ ထမင်းကို
ဇိမ်နဲ့စားနေတော့တယ်။

Noel's Husband (Z & U)  Where stories live. Discover now