ပစ်ချပလိုက်တာနဲ့ ခေါင်းငိုက်စိုက်ကာ
အသက်ထွက်သွားတဲ့လူတစ်ယောက်။

”သားကြီး လက်ရည်မဆိုးဘူး ”

အဲ့အချိန် Noel ကို တွဲ ပြီး ဝင်လာတဲ့
မင်းဆက်ခ က ဆိုတော့တယ်။

”မြန်လိုက်တာ သားရယ် ”

Noel မျက်နှာရှုံ့မဲ့ကာ ပြောပြန်တယ်။

”ဦးဆက် ကျွန်တော် ဒီမှာ မနေချင်ဘူး
ရုံးခန်းမှာပဲ နေမယ် ”

”အိုကေ သဲလေး ကို ပို့ပေးမယ် ”

မင်းဆက်ခ Noel ကို ရုံးခန်းတွဲ ပို့တဲ့
အချိန်ပဲ ဒီမှာ လူလေးယောက်က အသက်မရှိတော့ဘူး။

မင်းဆက်ခ ပြန်လာကြည့်တော့
အလောင်းတွေသာ ရှိတော့တယ်။

ခုံမှာ အေးဆေးထိုင်ပြီး ဖြည်သွားပတ်တီး
ကို ပြန်စည်းနေတဲ့ မိုက ကြောက်လန့်တဲ့ပုံ
လုံးဝ မပြ.......။

သူ မို ကို ဆက်ခံ သူနေရာ ပေးလိုက်တာ
မှန်သွားပြီလို့လည်း တွေးမိတယ်။

အိမ်မှာတော့
ဇေယု စီးကရက် ကို မီးငြိကာ
ထိုင်ဖွာနေမိတယ်။

စီးကရက်ထဲမှာ ဆေးခြောက်ပါတာကြောင့်
ဇေယု ဇိမ်ခံကာ ရှိုက်နေပြန်တယ်။

”မောင် ”

ခေါ်သံလေးကြောင့် လှည့်ကြည့်လိုက်တော့
ချစ်ရတဲ့ သူလေး......။

”အင်ပြောငယ် ”

”ဆေးလိပ်ဖြတ်ပါဆို ”

”မောင် တခါတည်းဖြတ်ဖို့ ခက်နေလို့ပါ ”

ဆေးလိပ်ဖြတ်ဖို့ ခက်တယ်ဆိုတာ
Sam လည်း နားလည်တာကြောင့်
ဘာမှမပြောတော့ဘူး။

ဇေယု ဆေးလိပ်ရှိုက်ရင်း Sam ကို ကြည့်နေမိတယ်။

နုနုယွယွ မဟုတ်တဲ့ Sam က သူ့ကို
ဆွဲဆောင်နေတယ်။

”ငယ် အခန်းထဲ သွားမယ် ”

”ဘာလုပ်ဖို့လဲ ”

ဇေယု ပြန်မဖြေပဲ Sam ကို အခန်းထဲ သာ
ဆွဲခေါ်သွားတော့တယ်။

အခန်းထဲရောက်တော့ Sam ဝတ်ထားတဲ့
အဝတ်အစားတွေ အသည်းအသန်
ကာ အသာကုန်နမ်းပြန်ရော......။

Noel's Husband (Z & U)  Where stories live. Discover now