Gift From A Little Guy...

Start from the beginning
                                    

...................

သူ့မှာ ဖုန်းခေါ်စရာရှိတယ်ဆိုသည့် မူမမှန်သော အကြောင်းပြချက်ပေးပြီး လုဖန်း စံအိမ် အပြင်သို့ ထွက်လာခဲ့သည်။ပန်းခြံသို့ လျှောက်သွားပြီးနောက် သစ်ပင်အောက် မှ ခုံတန်းရှည်တွင် ကျောမှီရင်း ထိုင်လိုက်ကာ သူ ကောင်းကင်ကို မော့ကြည့်လိုက်တော့တယ်။

သူ့နှုတ်ခမ်းတွင် အပြုံးလေးတစ်ခု ပေါ်လာကာ "အဲ့ဒါကို ကြိုက်တဲ့အတွက် ကျွန်တော် ဝမ်းသာတယ် အဘိုး။ကျွန်တော် အဘိုးကို စိတ်ပျက်စေလို့ ကျွန်တော် တောင်းပန်ပါတယ်ဗျာ ဒါပေမယ့် ဒီအိမ်ကြီးမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ကျွန်တော် အကောင်းဆုံး လုပ်နေတာပါ"

ခဏတာလောက် တွေးလိုက်ပြီး သူပြောလေ၏
"အခုထိ အဘိုးပြောခဲ့တဲ့ စကားလုံးတွေကို ကျွန်တော် မှတ်မိသေးတယ်။သူတို့ မှန်မှန်ကန်ကန် ဖြစ်လာအောင် ကျွန်တော် လုပ်ရလိမ့်မယ်။ ကျွန်တော် အနစ်နာခံလိုက်ပါ့မယ်။ဒါက အကြီးကြီးမှမဟုတ်တာ။"

ွပြုံးနေသော်လည်း သူ့ မျက်နှာအမူအရာကတော့ နာကျင်နေလေသည်။သူ မျက်လုံး ပိတ်လိုက်ချိန်မှာပဲ မျက်ရည်တစ်စက်က သူ့ပါးသို့ လိမ့်ဆင်းလာခဲ့တော့၏။

.....................

လုစံအိမ်၏ ဧည့်ခန်းတွင်.......

လုဖန်းက သူ့ကိုယ်သူ ဆင်ခြင်နေချိန်မှာ လူတိုင်းကတော့ လက်ဆောင်တွေ ရှုစားရင်း အလုပ်ရှုပ်နေကြလေသည်။

"ငါရခဲ့တဲ့ လက်ဆောင်တွေထဲမှာ ဒါဟာ အကောင်းဆုံး လက်ဆောင်ဖြစ်လိမ့်မယ် ဘာကြောင့်လဲဆိုတော့ ဒါက အထူးတလည်အနေနဲ့ တစ်စုံတစ်ယောက်က ငါ့ကို ပေးတာကွ" အကြီးအကဲလုက လက်ဆောင်ကို ကိုင်ထားရင်း ပြောလေတယ်။သူ့အသံက လေးလံနေပြီး သူ့မျက်လုံးမှာတော့ မျက်ရည်များ ဝိုင်းနေသည်။

အကြီးအကဲလုရဲ့ စိတ်ခံစားမှုကို ကြည့်ရင်း တစ်ခြားလူများက အကြီးအကဲလု လုဖန်းကို ဘယ်လောက် သဘောကျမှန်း သတိပြုမိသွားလေ၏။လွန်ခဲ့သော တစ်နှစ်မတိုင်မီက ဒီသဘောကျခြင်းတွေ ဘယ်လို ရုတ်တရက် ပြောင်းသွားမှန်း သူတို့ သတိရလိုက်တော့တယ်။လိမ္မာပါးနပ်ပြီး ကြင်နာတတ်သော လုဖန်းက ဘယ်အချိန်မှာ ဘယ်လို သူ့အဘိုး စိတ်ပျက်သွားလောက်စေသည့် လူတစ်ယောက်အဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်ကို ဘယ်သူ့မှ သတိမပြုမိလိုက်ဘူး။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now