Pt.25

1.1K 71 1
                                    

FILA-25

ဆိုဟီးနဲ့ဂျေကေကတော့ ဂျေကေနေမကောင်းကတည်းက တော်တော်ကို အဆင်ပြေကြသည်။ ဆိုဟီးက ဂျေကေ့ကို တော်တော်ဂရုစိုက်ပေးသည်။ ဂျေကေကလည်း သူမလေးဂရုစိုက်ပေးနေလို့ပဲလားမသိ တော်တော်ကို နေမကောင်းဖြစ်ချင်နေသည်။ အခုဆို သူမလေးကို သူ့အနားကနေ ဘယ်မှကို သွားခွင့်မပြုတော့။

"ဆိုဟီ. ညကျရင် ပါတီပွဲတက်စရာရှိတယ်။ ညနေကျရင်ကျရင် အလုပ်စောစောဆင်းပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်နော်"

"ငါလား"

"အင်းလေ"

"ဘာလို့လဲ။ ပါတီက နင်တက်ရမှာမဟုတ်လား"

"နင့်ကိုပါ ခေါ်သွားမှာ"

"သြော်.. ဒါနဲ့ ဘာပါတီလဲ?"

"N&Fရဲ့ နှစ်ပတ်လည်ပါတီ"

"Aww…"

"ညနေကျရင် စောစောဆင်းပြီး ပြင်ဆင်ထား ငါလာခေါ်လိုက်မယ်"

"အင်း"

သူတို့နှစ်ယောက် အလုပ်ဆက်လုပ်ကြသည်။ ရုံးထဲက လူတွေကတော့ သူတို့နှစ်ယောက်ကို shipပေးနေကြသည်။ တော်တော်လိုက်ဖက်သည်ဆိုပြီးတော့လေ။

ဆိုဟီးကတော့ ရုံးထဲက အတင်းစကားတွေကိုမသိ. သိလည်းဂရုမစိုက်ပေ။ ဂျေကေကတော့ သိပေမဲ့ ကျေနပ်နေတာမို့ ဘာမှမပြောပေ။ တစ်နေ့ဒီလိုဖြစ်လာအောင် သူလည်း ဆုတောင်းနေမိသည်လေ။

ညနေကျတော့ ဆိုဟီး ရုံးစောစောဆင်းကာ အိမ်ပြန်ပြီး ပြင်ဆင်နေသည်။ ရေမိုးချိုးအလှပြင်ပြီးတော့ နေ့လည်က ဂျေကေပေးလိုက်တဲ့ အင်္ကျီထုတ်ကာ ဝတ်လိုက်သည်။ အင်္ကျီအနီရောင်က ဖြူဖွေးသော သူမရဲ့အသားအရေပေါ်မှာ ချပ်ချပ်ရပ်ရပ်လေး။ လက်တစ်ဖက်က ပုခုံးပေါ်တင် တစ်ဖက်က အောက်ချကာ သူမနဲ့တော်တော်လိုက်ဖက်သည်။

ညနေကျတော့ ဆိုဟီး ရုံးစောစောဆင်းကာ အိမ်ပြန်ပြီး ပြင်ဆင်နေသည်။ ရေမိုးချိုးအလှပြင်ပြီးတော့ နေ့လည်က ဂျေကေပေးလိုက်တဲ့ အင်္ကျီထုတ်ကာ ဝတ်လိုက်သည်။ အင်္ကျီအနီရောင်က ဖြူဖွေးသော သူမရဲ့အသားအရေပေါ်မှာ ချပ်ချပ်ရပ်ရပ်လေး။ လက်တစ်ဖက်က ပုခုံးပေါ်တင် တစ်ဖက်က အောက်ချကာ သူမန...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Falling in love again❤ (OC)Where stories live. Discover now