Pt.19

794 84 9
                                    

Zawgyi

ရုံးရောက်တော့ အထဲသို့ ထယ်ယောင်းပါဝင်လိုက်ခဲ့သည်။ ဂျေဟုတ်ကတော့ သူကိစ္စရှိလို့လိုက်လာတာလို့ပဲ ထင်နေသည်။ နောက်မှ ကိုယ်တော်ချောက သူ့အထက်လူကြီးဖြစ်နေသည်တဲ့လေ။

ထယ်တျောက် မနေ့ညက သူ့အဒေါ်အိမ်သွားပြီး ကုမ္ပဏီမှာ အလုပ်လုပ်မည်ဟု ပြောခဲ့သည်။ ယူသည့်တာဝန်ကလည်း ဂျေဟုတ်တို့ ဌာနက မန်နေဂျာ. ဒါမှ ဂျေဟုတ်ကို သူစောင့်ကြည့်နိုင်မှာလေ အကြံပိုင်တယ်မလား😎😎.

ဂျေဟုတ်က နေ့တစ်ဝက်သာ အလုပ်လုပ်သည်မို့ သူ ဂျေဟုတ်ကို တစ်နေ့လုံးသူ့အနားမှာရှိနေအောင် ကြံတော့သည်။ ထို့နောက် အကြံရလာကာ ဂျေဟုတ်ကို သူ့လက်ထောက်အဖြစ် ခန့်လိုက်တော့သည်။

ဂျေဟုတ်ခမျာ သူဘယ်သွားသွားလိုက်ရသည်။ အစားလည်းအတူ သွားလည်းအတူ လာလည်းအတူ ဖြစ်နေတော့ ဂျေဟုတ် အစက နည်းနည်းနေသား မကျဖြစ်သော်လည်း နောက်ပိုင်းအဆင်ပြေလာခဲ့သည်။ ထယ်ကတော့ ထိုအခြေအနေကို အတော်ကိုသဘောကျနေတော့သည်။

~~~~~

ဆိုဟီး ဂျေကေ့ကိုလူနာစောင့်နေတာ သုံးရက်ပင်ရှိနေပြီ။ ပြောတော့ အလုပ်လုပ်ရင်း မူးလဲသွားတာတဲ့။ ဘယ်လိုဖြစ်ပြီး တစ်လလုပ်ရမည့် အလုပ်ကို တစ်ပတ်ထဲနဲ့အပြတ်ဖြတ်ခဲ့တာလဲ။

သူအနားတောင်မယူတော့ဘူးလား။

တွေးနေရင်းနဲ့ပင် ကုတင်ပေါ်ကလှုပ်ရှားလာသော လက်ချောင်းလေးများ။

"Jk..Jk နင် သတိရလာပြီလား. ငါ ဆရာဝန်သွားခေါ်လိုက်ဦးမယ်နော်"
ပြောရင်းနဲ့ဆိုဟီးက ဝမ်းသာအားရပြေးထွက်သွားသည်။

ဂျေကေကတော့ သူနိုးနိုးချင်း ဆိုဟီးအသံကိုကြားလိုက်ရတော့ အံ့ဩသွားသည်။ သူက သူမလေးဆီမြန်မြန်ပြန်လာချင်တော့ တစ်လလုပ်ရမဲ့အလုပ်ကို တစ်ပတ်ထဲနဲ့အပြတ်ဖြတ်ခဲ့သည်။

နေ့မနားညမနား အလုပ်လုပ်တော့ညရလာဒ်က ကိုးရီးယားပြန်ရောက်ရောက်ချင်း လေဆိပ်မှာပင် မူလဲသွားသည်။ သူ့ခံနိုင်ရည်အားကိုစိတ်ပျက်မိပေမဲ့ သူမလေးက သူ့ကိုလူနာစောင့်ပေးတယ်ဆိုတော့ သူပျော်မိသည်။

Falling in love again❤ (OC)Where stories live. Discover now