"Hyung ဘာပြောလိုက်တာလဲ"
"hyung လည်း မင်းကိုချစ်တယ်လို့"
"တ တကယ်လား"
ထယ်လည်း အပျော်လွန်ကာ ထဖက်တော့ ဂျေဟုတ်ခမျာ လဲကျမှာစိုးလို့ မနည်းပြန်ထိန်းလိုက်ရသည်။
"ပျော်လိုက်တာ Hyung ရာ. ကျွန်တော်က ပြန်မချစ်လောက်ဘူးလို့ထင်တာ"
"အေးပါကွာ. အခုတော့ လွှတ်ဦး။ ငါဗိုက်ဆာနေပြီကွ"
"အာ.ဟုတ်သားပဲ။ လာ ကျွန်တော်တို့နေ့လည်စာ သွားစားမယ်။ ပြီးရင် လျှောက်လည်ရအောင်"
"ဟင်.အလုပ်တွေရှိသေးတယ်လေ"
"ထားခဲ့လိုက်ပါဗျာ. အရေးကြီးကိစ္စမှ မရှိတာ. ဟီး..လာပါဗျာ"
ထယ်တစ်ယောက် ပြောလည်းပြောရင်း ဂျေဟုတ်ကိုဆွဲကာ ထွက်သွားလေတော့သည်။
*****
ဆိုဟီးတစ်ယောက် ဂျေကေအိမ်သို့ နောက်တစ်ကြိမ်ပြန်ရောက်နေပြန်သည်။
အကြောင်းက ဂျေကေ မူးနေသောကြောင့်ပင်။
ဂျေကေအတွက် အမူးပြေဆေးရည်ပြင်ပေးပြီးသည်နဲ့ ထယ်ကိုလာခေါ်ခိုင်းကာ ထွက်လာခဲ့သည်။
သို့သော် သူမထွက်သွားသည်နဲ့ အပေါ်ထပ်ကနေ ပြုံးကာကြည့်နေသော လူတစ်ယောက်ကလည်း အခန်းထဲသို့ပြန်ဝင်သွားလေတော့သည်။*****
"ဂွတ်ဒ်မောနင်း"
"ဟမ်..နင် ရုံးရောက်နေပြီလား"
"ငါက ရုံးမရောက်လို့ ဘယ်ရောက်ရမှာလဲ"
"အာ. ဆောရီး ငါမေးတာ မှားသွားတယ်။ နင် အမူးပြေသွားပြီလား ခေါင်းရောကိုက်နေသေးလား"
"အား..နင်ပြောမှ ခေါင်းက ကိုက်လာတယ်ကွာ"
ဆိုဟီးလည်းစိတ်ပူသွားကာ ဂျေကေဆီသို့သွား၍ ရူဆေးကိုကမ်းပေးလေသည်။ ဂျေကေ မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း
"အစကတည်းက ပြင်ဆင်ထားတာလား"
သူပြောတာကို ဆိုဟီးနားမလည်။
"ဘာကိုလဲ""ရူဆေးကိုလေ အစကတည်းက ငါ့အတွက်ပြင်ဆင်ထားတာမလား"
"ဘာ.ဘာကို ပြင်ဆင်ထားရမှာလဲ"
YOU ARE READING
Falling in love again❤ (OC)
Fanfictionသူ့ထက်ငယ်တဲ့ ချစ်သူကောင်မလေးကိုအရမ်းချစ်ပြီးအလိုလိုက်တဲ့ကောင်လေးရယ်.. မိဘဂရုစိုက်မှုကိုမရခဲ့လို့ ချစ်သူကောင်လေးရဲ့ဂရုစိုက်မှုကိုရရင် ကမ္ဘာပေါ်မှာသူမလောက်ပျော်ရွှင်ရတဲ့သူမရှိဘူးလို့ထင်နေတဲ့ခပ်ဆိုးဆိုး ကောင်မလေးရယ်.. သူ့ကိုအမြဲတမ်းကတ်ကတ်လန်အောင်ပြန်ပြောပြ...