ရန်ပွဲ(၂)
"ဟူး...မောလိုက်တာဟာ.ငါပြောပါတယ် သူတို့မရောက်လာလောက်သေးဖူးလို့. နင်တို့တေယ်တေယ်ကိုဖြစ်နေတာ"
သစ်ပင်အောက်ကခုံတန်းလေးမှာဝင်ထိုင်ရင်း jisooညည်းနေလေသည်။ဟုတ်လည်းဟုတ်သည်ပင်. ဆိုဟီးတို့အုပ်စုမရောက်လောက်သေးဖူးလို့ သူမလေးအတန်တန်ပြောနေသည်ကို နားမထောင်ပဲထ,ထွက်လာတာ အခုရောက်တော့ ဟိုအဖွဲ့ကအရိပ်အယောင်တောင် မမြင်ရသေးပေ။
"နင်ကလည်းဟာ..ငါကသူတို့စောင့်နေရမှာ အားနာလို့ပါ"
"နင်ပဲအားနာ. ဟိုကနင့်အစ်မတွေက ဂရုစိုက်မှာဟုတ်ဖူး. သူတို့ပြီးမှလာကြလိမ့်မယ်"
"အေးပါကွာ..နင်ကလည်း"ဂျေဟုတ် jisooကိုချော့လိုက်ရသည်။ မနက်ကတည်းက jin hyungမျက်နှာကြည့်ရတာ ကြည်လင်မှုမရှိပေ။ ဒီအပြင် တစ်လမ်းလုံးလည်း စကားတစ်ခွန်းမှမပြောပေ။ သူ့ကလေးလေးနဲ့ တစ်ဖွဲ့တည်းမကျလို့ပဲများလားလို့ မြန်မြန်ပင်ပြန်လာ ခဲ့လိုက်တာဖြစ်သည်။
"ဟိုမှာ ဂျေကေမဟုတ်ဘူးလား"
"အင်း. ဟုတ်တယ်ထင်တယ်"
"ဒါနဲ့ သူကဘာဖြစ်နေတာလဲ. ဒေါသထွက်နေတာလား"အစကတော့ ခပ်ဝေးဝေးမှာပဲသေးမို့ သိပ်မထင်ရှားတာ အနီးရောက်လာတော့မှ ဒေါသထွက်နေမှန်း ခန့်မှန်းသိကြသည်။
ထို့အပြင် ဆိုဟီးတို့လည်းမပါလာသဖြင့် jisooက"ဂျေကေ. ကျန်တဲ့သူတွေရေ.."
"ခွပ်"
"အ့"
Jisooစကားတောင်မဆုံးလိုက် ဂျေကေရောက်လာပြီး ဂျင်ကို'ခွပ်'ခနဲမြည်အောင် ထိုးချလိုက်သည်။ ရုတ်တရက်ဆိုတော့ အားလုံးကြောင်နေကြသည်။ရုတ်တရက်အထိုးခံလိုက်ရသောကြောင့် ဂျင်တစ်ပတ်လောက်လည်ထွက်သွားပြီး ဖင်ထိုင်ရက်လဲတော့သည်။ ထို့နောက် သတိဝင်လာမှ ပြန်ပြီးထရပ်ကာ
"ဂျေကေ မင်းဘာလို့ထိုး.."
"ခွပ်"
ဂျင်စကားတောင်မဆုံး ဂျေကေ. ဂျင်ရဲ့မျက်နှာကို သုံးချက်လောက်ဆက်တိုက်ထိုးချလိုက်တယ်။ ဂျင်ကတော့ မြေကြီးပေါ်ကိုလဲကျသွားပြီး တော်တော်နဲ့ပြန်မထနိုင်ဘူး။ ဂျေကေ ထပ်ထိုးဖို့ပြင်တော့"ကိုကို!!!"
*****'ဂျေကေ့အကြောင်းကိုသိတာမို့ ချက်ချင်းပဲထွက်လိုက်လာခဲ့တာ မဟုတ်ပဲကြာနေရင် ကိုကိုတစ်ခုခုဖြစ်မှာကို အရမ်းစိုးရိမ်နေတယ်။ ဆိုဟီးရဲ့သူငယ်ချင်းတွေရဲ့ ဆိုဟီးချစ်ရသူနဲ့ မတည့်ပဲရန်ဖြစ်ကြတာကို ဆိုဟီးမလိုချင်ဘူး။ အဲဒါကြောင့် အားလုံးရင်းနှီးသွားအောင်ဆိုပြီး ဒီခရီးစဉ်ကိုလိုက်လာခဲ့တာ။
YOU ARE READING
Falling in love again❤ (OC)
Fanfictionသူ့ထက်ငယ်တဲ့ ချစ်သူကောင်မလေးကိုအရမ်းချစ်ပြီးအလိုလိုက်တဲ့ကောင်လေးရယ်.. မိဘဂရုစိုက်မှုကိုမရခဲ့လို့ ချစ်သူကောင်လေးရဲ့ဂရုစိုက်မှုကိုရရင် ကမ္ဘာပေါ်မှာသူမလောက်ပျော်ရွှင်ရတဲ့သူမရှိဘူးလို့ထင်နေတဲ့ခပ်ဆိုးဆိုး ကောင်မလေးရယ်.. သူ့ကိုအမြဲတမ်းကတ်ကတ်လန်အောင်ပြန်ပြောပြ...