Pt.8

937 98 0
                                    

ရန်ပွဲ(၁)

"ဆိုဟီး.ဆိုဟီး ထတော့"

"ဆိုဟီး ထတော့လို့ဆို.ဒီနေ့ မြို့ထဲဘက်သွားလည်မှာလေ မေ့နေပြီလား"

Lisaနဲ့jisooတို့ နိုးနေသော်လည်း သူမလေးထံမှ"အင်း...ဟီး.." ဟူသော ညီးသံတစ်ချက်သာကြားပြီး ပြန်ငြိမ်သွားသည်။

Lisaလည်းဆိုဟီးနေများမကောင်းတာလားဆိုတဲ့ သံသယနဲ့ သူမလေးနဖူး​ကိုလက်လေးနဲ့ သွားစမ်းမိတော့ တကယ်ပင်ဖျားနေလေပြီ။

"ဆိုဟီး.နင်ဖျားနေပြီ. ဆေးခန်းသွားမလား"
"ဟင့်အင့်. မသွားတော့ဖူး.  ငါဆေးသောက်ပြီးခဏအိပ်လိုက်ဦးမယ်. အိပ်ရာနိုးရင်တော့ နေပြန်ကောင်းမှာပါ"

"ငါတို့က အမှတ်တရပစ္စည်းလေးတွေသွားဝယ်မှာပါဆို. နင်ကလည်း မနက်ဖြန်မှဖျားတာမဟုတ်ဖူး. မနက်ဖြန်ဆို ပြန်ပြီကို"
"နင်ကလည်း ငါလိုက်ပါမယ်ဟာ.ရပြီလား...နော်"

"Lisaကလည်း ဆိုဟီးမှနေမကောင်းတာကို"
"ရပါတယ်ဟာ. ဘာမှမဖြစ်ပါဖူး. နည်းနည်းပါးပါးပဲဟာ. အစီအစဉ်တော့ အပျက်မခံနိုင်ပါဖူး😁"
တကယ်သူမလေးကြောင့် သူငယ်ချင်းတွေစီစဉ်ထားတာ ပျက်သွားမှာကိုမလိုချင်ပေ။

"အေးအေး နင်အဆင်ပြေရင် ပြီးတာပဲ"

*****
သူတို့ မြို့ထဲကိုရောက်တော့ လူစုခွဲပြီးဈေးဝယ်ကြသည်။ ဆိုဟီးရယ်၊Lisaရယ်၊JMရယ်၊JKရယ်ကတစ်ဖွဲ့. Jisooရယ်၊Jinရယ်၊JHရယ်က တစ်ဖွဲ့ နှစ်ဖွဲ့ခွဲကာ shoppingထွက်လာကြသည်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ဈေးဝယ်တာက နေရာမတူကြပေ။

လူခွဲတာက ညကတည်းကမဲနှိုက်ပြီးရွေးထားတာမို့ ဘယ်သူမှအတွန့်မတက်ကြပေ။သို့နှင့် သူတို့တစ်တွေ မြန်မြန်ပင်လူစုခွဲကာ ဆိုင်စုံအောင်လျှောက်လည်ကြပြီး စားချင်တာတွေအကုန်စားကြသည်။
ဆိုဟီးတို့အဖွဲ့ ဝယ်စရာတွေဝယ်လို့ပြီးတော့ ဆိုင်တစ်ဆိုင်မှာဝင်စားကြရင်း

"ဆိုဟီး စားလေ.ဘာလဲ မကြိုက်လို့လား" JMက မေးလိုက်သည်။ မနက်ကတည်းက ဆိုဟီးမ မျက်နှာသိပ်မကောင်းတာကိုရိပ်မိတယ်။ ဒါပေမဲ့ သူ့ကိုကိုနဲ့တစ်ဖွဲ့တည်းမကျလို့ စိတ်မကြည်ဖြစ်နေတာ လို့ပဲ အားလုံးကထင်နေကြသည်။

Falling in love again❤ (OC)Where stories live. Discover now