Tricking The Sisters

Comenzar desde el principio
                                    

"အစ်ကို လုချောင်နဲ့ လုဖန်းက သူ့ကို အလိုလိုက်လွန်းတယ်၊ငါတို့ကိုရော သူတို့က နည်းနည်းလောက် အလိုမလိုက်နိုင်ဘူးလား?ဒီရေခဲတောင်ကြီးနှစ်ခုက လုလီကျွင်းကို စကားပြောဖို့ ဘယ်လိုတောင် စကားအများကြီး ရှာနိုင်ကတာလဲ?"အမှန်တကယ်ကိုပဲ သူမက မနာလိုမှုတွေနဲ့ ပြည့်နှက်နေလေသည်။

"ရှူး၊ငါတို့ပြောတာ သူတို့ကြားသွားလိမ့်မယ်"လုလျန်းက 'ရှူး' လုပ်ပြတယ်။

"အင်း ဒါက ပြည့်စုံတယ်"သူ့ညီမနှစ်ယောက်က လုဖန်းကို ကျိန်ဆဲနေစဥ်မှာ လက်ဆောင်ကိုကြည့်ရင်း လုဟန်က ပြောလေ၏။

လုလီကျွင်းက တံခါးကိုကြည့်ပြီး တစ်စုံတစ်ခုကို ရှာဖွေနေလေသည်။တံခါးနောက်သို့ လျှောက်သွားကာ ချောင်းကြည့်ရင်း ညင်သာသော အသံနှင့်ပြောလေတယ် "အစ်ကို လုချောင် အစ်ကို အဲ့မှာ ဘာလုပ်နေတာလဲ?အထဲကို ဝင်ခဲ့လေ"လုချောင် ပုန်းနေမှုက ပေါ်သွားတော့သည်။

"အစ်ကို ဒီမှာ အဆင်ပြေတယ်၊မင်းပြီးမှ ထွက်လာခဲ့"လုချောင်က စင်္ကြန်လမ်းတွင် ရပ်နေရင်း ပြောလိုက်တယ်။

"ကျေးဇူးပြုပြီး အစ်ကိုကြီး အထဲကို ဝင်လာခဲ့၊လူတိုင်းက ဒီမှာရှိတယ်၊ကျေးဇူးပြုပြီး"
လုလီကျွင်းက အသနားခံသည်။

လုချောင်က ချက်ချင်း လက်ခံလိုက်ပြီး ထိုတောင်းဆိုမှုက သူ့နှလုံးသားတွင် အရည်ပျော်သွားလေတယ်။သူက သူ့ညီငယ်လေးကို ဟင့်အင်း လို့ မပြောနိုင်ဘူး။

မလိုအပ်လျှင် မသွားတတ်သော စံအိမ်၏ တောင်ဘက်ပိုင်းမှာ လုချောင်ကို မြင်လိုက်ရ၍ တစ်ခြားသူများက အ့ံအားသင့်သွားသည်။

"အကုန်လုံးက ဒီအခန်းထဲမှာ ဘာလုပ်နေကြတာလဲ?"လုလီကျွင်းက မေးလိုက်တယ်။

"အစ်ကို လုဖန်းကို အစ်မတို့ရဲ့ ဝတ်စုံ ရွေးပေးဖို့ ခေါ်ထားတာ ဒါပေမယ့် သူက မလုပ်ပေးဘူး"
လုပေါင်က ဝမ်းနည်းနေသော အမူအရာဖြင့် ပြောလေတယ်။

"ဒါဆို အစ်ကို လုချောင်ကို မေးလိုက်လေ"လုလီကျွင်းက ခေါင်းကို သူ့အစ်ကို့ဘက် လှည့်ပြီး မေးလိုကျ၏ "အစ်ကို သူတို့ကို ကူညီပေးမယ် ဟုတ်တယ်မလား?"

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Donde viven las historias. Descúbrelo ahora