Chapter 7 (Unicode)

Comenzar desde el principio
                                    

“ဝီချက်စာလေး ဖွင့်ပေးဦး”

“Oh”

ရှောင်းကျန့်က ဖုန်းကို ယူလိုက်ပြီးနောက် Screen ပေါ်က နိုတီကို နှိပ်လိုက်တယ်။ ချက်ချင်းပဲ ဖုန်းဝင်လာတယ်။

နာမည်က အင်္ဂလိပ်လို Richard လို့ ရေးထားတာဖြစ်ပြီး ပရိုဖိုင်ကတော့ ဆိုင်ကယ်ဦးထုပ်ပုံဖြစ်တယ်။

“ဖုန်းကိုင်လိုက်မလား?”

လမ်းကြောနည်းနည်းရှင်းသွားတယ်။ အနောက်ကကားက ဟွန်းတတီတီနဲ့ ဘာတွေ အရေးကြီးနေမှန်းမသိ။ ဝမ်ရိပေါ်က ရုတ်တရက် ဘရိတ်အုပ်လိုက်တာမှာ အနောက်ခန်းက Pancake အထုပ်က လဲသွားပြီး ပလစ်စတစ်အကြည်နဲ့ ထုပ်ထားတဲ့ Pancake တွေဟာ အပြင်ကို ထွက်ကျသွားတယ်။

သကြားအချိုနံ့ဟာ ကားထဲမှာ ပိုတောင် ပြင်းသွားတယ်။

ရှောင်းကျန့် ထပ်မေးလိုက်တယ်။

“ဖုန်းကိုင်မှာလား?”

ဝမ်ရိပေါ်က ဖုန်းကို လှမ်းကြည့်ပြီးတဲ့နောက် ခဏလောက်တွေးပြီးတာနဲ့ ခေါင်းညိတ်ပြတယ်။ သူ့ဘာသာသူ လက်လှမ်းပြီးတဲ့နောက် လက်ခံတဲ့နေရာကို နှိပ်လိုက်တယ်။

ဖုန်းလက်ခံပြီးတာနဲ့ တပြိုင်နက် နှုတ်ဆက်ခြင်းမရှိပါပဲ ချက်ချင်း တန်းမေးလိုက်တယ်။

“ဘာကိစ္စလဲ?”

ရှောင်းကျန့်က ကားနောက်မှီကို မှီလိုက်ပြီးတဲ့နောက် သူ့ဖုန်းကိုသူ ငုံ့ကြည့်နေလိုက်တယ်။ ဗီဒီယို ကြည့်နေတာမို့ အသံကို လျှော့လိုက်တယ်။

“ဘာလုပ်နေလဲ?”

ဝမ်ရိပေါ်ရဲ့ ဖုန်းက ကားရဲ့ ဘလူးတုသ်နဲ့ ချိတ်ထားတုန်းပဲ။ တဖက်က ဖုန်းပြောလိုက်တဲ့အသံဟာ ကားထဲရှိတဲ့ စပီကာလေးလုံးကနေတဆင့် ဝန်းရံလိုက်သလိုမျိုး အသံထွက်လာတယ်။

အမျိုးသားတစ်ယောက်ရဲ့ခပ်အက်အက်နဲ့ ချိုမြနေတဲ့အသံတစ်ခု။ သူ့အသံက ချိုနေတာမဟုတ်ဘူး။ တမင်လုပ်ပြီး အရမ်း ချိုချိုသာသာပြောနေတဲ့အသံ။

ချွဲလွန်း ချိုလွန်းလို့ အနောက်ခန်းက ကားထိုင်ခုံအောက် ပြုတ်ကျနေတဲ့ Pancake တောင်မှ အဲ့ဒီ့အသံကို မမီနိုင်ဘူး။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Donde viven las historias. Descúbrelo ahora