(31)

11.8K 851 120
                                    

[ Zawgyi ]

"Kangမိသားစုရဲ့ ခုနှစ်ဆက်မြောက်မျိုးဆက် Kang Yunho ကွယ်လွန် ပြီးနောက် ပျောက်ကွယ်လုနီးပါးဖြစ်သွားခဲ့တဲ့ Kangပိုးထည် လုပ်ငန်းဟာ အခုဆို ရင် ရိုးရာဝတ်စုံများ အစဉ်အဆက်ချုပ်လုပ်လာတဲ့ Myungမိသားစုရဲ့ မျိုးဆက် ချွေးမ ဆရာမကြီး Jan Sondokနဲ့ လက်တွဲပြီး နိုင်ငံရဲ့ အထည်လုပ်ငန်း ဈေးကွက် မှာ နေရာတစ်ခုကို ပြန်လည်ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်.. လက်ရှိ Kangလုပ်ငန်းကို ပြန်လည် ပြုစုပျိုးထောင်သူကတော့ ဥက္ကဋ္ဌကြီး Kang Yunhoရဲ့ မြေးဖြစ်သူ မန်နေးဂျင်း Kim.... Tweeeee...."

"ကျစ်... "

Miss Nar Yumeတစ်ယောက် အိမ်မှာအားနေတုန်း TVကြည့်ဖို့ ဖွင့်ကာမှ လာနေတဲ့သတင်းက သူ့သားမက်အကြောင်း.. ဘာရယ်မဟုတ် သားမက်ဖြစ်သူ က ဒီလိုအောင်မြင်နေတာသိရတော့လည်း အနည်းငယ် ဝမ်းသာပြီး ဂုဏ်ဆာ သလို ရှိပေမယ့် သူမအနေနဲ့ ဒီခံစားချက်ကို လက်မခံချင်တာကြောင့် ထိုင်ကြည့် နေရင်းက Taehyungနာမည် ကြေငြာတော့မယ့်ဆဲဆဲမှာ ပိတ်ချလိုက်တယ်။

ဘာလိုလိုနဲ့ Taehyungတို့ယူထားတာ နှစ်လရှိတော့မယ်.. အစကတော့ အိမ်ခွဲနေဖို့အတွက်သားဖြစ်သူက အိမ်အသစ်ဆောက်နေပေမယ့် မင်္ဂလာပွဲအမှီ မပြီးသေးတာကြောင့် သူမနဲ့အတူစံအိမ်မှာနေနေကြပြီး နောက်ပိုင်းအိမ်ပြီးသွား တဲ့အခါကျ သူမက မပြောင်းစေချင်တာကြောင့်ဆွဲထားရင်းက စံအိမ်မှာပဲဆက် ရှိနေတာဖြစ်တယ်..

ရက်ပေါင်း ငါးဆယ်ကျော်အတွင်း သူမနဲ့ Taehyungရဲ့ အသံ တိတ်စစ်ပွဲမှာဘယ်သူ့ဘက်ကမှလက်နက်မချပဲအခုထိပြင်းထန်နေကြဆဲပင်။

သူမအနေနဲ့ Jungkookအပေါ်ကောင်းပြီး ဉာဏ်ရည်ထက်မြက်တဲ့ Tae hyungလိုလူကို သားမက်အနေနဲ့သဘောကျပေမယ့် သူမအပေါ်ဆို အလျော့မ ပေးပဲကလိမ်ကကျစ်ကျပြီးလူလည်လုပ်လုပ်သွားတာကိုမကြိုက်တာဖြစ်တယ် ဟိုးတစ်ခေါက် companyမှာ အုပ်စုလိုက်ဝိုင်းပြီး ကြက်ဥနဲ့ပေါက်ခံရချိန်တုန်း ကလည်း သူမကြောက်လွန်းလို့ ဘာသံမှကိုမထွက်နိုင်ခဲ့တော့ချိန် သူမရှေ့ကကာ လို့ မားမားမတ်မတ်ရပ်တည်ပေးခဲ့ကတည်းက Taehyung စိတ်ထားကောင်း တာကို သူမလက်ခံခဲ့ပြီးဖြစ်တယ်..

When Love Calls Out To You **KV**Where stories live. Discover now