(20)

10.4K 832 44
                                    

[ Zawgyi ]

Taehyung စားသောက်ဆိုင်ကနေ စိတ်ရှုပ်ထွေးစွာ ပြန်လာခဲ့တယ်.. ရဲစခန်းကိုဝင်ပြီး တစ်ခါထဲ သက်သေနဲ့တကွပေးနိုင်ခဲ့တာမို့ အမှုအတွက် ခေါင်း ခြောက်စရာမလိုတော့ပေမယ့် ကျန်နေသေးတာက ဘာမှန်းမသိတဲ့ Fantasy Ceo နဲ့ Jungkookအမေတို့ရဲ့ ပတ်သတ်မှုပဲ..

ထိုကိစ္စက သူနဲ့ Jungkook တို့နှစ် ယောက်ကို ရိုက်ခက်လာနိုင်တာမို့ သေချာပေါက်စုံစမ်းဖို့လိုအပ်လာတယ် ..သတင်းနှိုက်ကျွမ်းကျင်တဲ့ Bogum hyungကိုအပူကပ်ဖို့ ကြံရပြန်တယ်..

အချိန်က ၁နာရီခွဲနေပြီမို့ အပြင်မှာ တစ်ခုခုအတူစားရအောင် Jungkook ကို လှမ်းခေါ်ရင်း ဆိုင်ထဲကိုအဝင် တွေ့လိုက်ရတဲ့ လူနှစ်ယောက်ကြောင့် သူ့ရင်ထဲ ဆို့တက်လာရတယ်.. အသက်၃၀အရွယ်လောက်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်ထိုင်ရင်း ပြုံးပြုံးရွှင်ရွှင်စကားပြောနေတဲ့ Jungkookကို မြင် လိုက်ရတာကြောင့်ဖြစ်တယ်..မဟုတ်ဘူးမလား ယုံကြည်ချင်သေးတယ်.. ဝင် သွားတဲ့ဖုန်းကောလေးဟာလဲ ကိုင်သူမဲ့လို့..

..အဟက်..နာကျင်စွာ ရယ်မိတယ်..
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဘာမှစားချင်စိတ်မရှိတော့ပဲ အိမ်ကို တန်းပြန်လာပြီး ထိုးအိပ်နေလိုက်တယ်.. အခုနေ သူတို့နှစ်ယောက် ရှေ့ရေး အတွက်တည်ရှိနေတဲ့ ဆူးငြောင့်တွေကိုဖယ်ရှားဖို့အတွက်လည်း သူ့မှာကြိုးစား ချင်စိတ်မရှိတော့.. အိပ်ရာထဲမှာမှောက်ယက်လဲကျနေပြီး အတွေးတွေက ဂယောက်ဂယက်...တွေးမိလိုက်တိုင်း ရင်ဘတ်ထဲကို ဆစ်ခနဲ ဆစ်ခနဲ အောင့် တက်လာရတဲ့အထိ Jeon Jungkookက စွမ်းတယ်..

အချိန်အတော်ကြာ မှိန်းနေ ရင်းက မှေးမှေးမှေးမှေးနဲ့ သူအိပ်ပျော်သွားတယ်..နိုးလာတော့ မနက်တောင် ရောက်နေပြီး Jungkookကို မမြင်တာကြောင့် အိပ်မှုန်စုန်ဖွားနဲ့ အောက်ထပ် ဆင်းရှာတော့မတွေ့.. တစ်အိမ်လုံးပတ်ရှာပြီးတာင်တောင် အရိပ်အယောင်မမြင် ရတာမို့ ပျာတောက်သွားတယ်.. ဖုန်းထဲမှာ missed callနှစ်ကောဝင်ထားလို့ ဆက်ကြည့်လိုက်တော့ ချချပစ်တယ်.. ဘာတွေဖြစ်နေတာလဲ.. သူဘာတွေတွေး နေတာလဲ.. မဟုတ်မှ.. မဟုတ် လောက်ဘူးမလား.
................
အဲဒီနေ့က Taehyung companyသွားတာမို့ Jungkook တစ်ယောက်ထဲ အိမ်မှာပျင်းပျင်းနဲ့ ကျန်ခဲ့တယ်.. လုပ်စရာလည်းမရှိတာကြောင့် ခေတ်ထနေတဲ့ MLစမ်းဆော့ရင်းက ကလေးမလေးတစ်ယောက်နဲ့ သူချိတ်ဆက်မိပြီး အတူ ဆော့ဖြစ်သွားတယ်..သူ့ကိုစိန်ခေါ်လာတဲ့ ၅နှစ်အရွယ်ကလေးမလေးနဲ့ 1 Vs 1 ယှဉ်ချတော့ သူရှုံးသွားတယ်.. Skillကြမ်းတဲ့ ကလေးမလေးရဲ့အသံက သိပ်ကို ချစ်စရာကောင်းတာမို့ သူမှာအသည်းတယားယားနဲ့..

When Love Calls Out To You **KV**Where stories live. Discover now