(9)

16.6K 1.1K 63
                                    

[ Zawgyi ]

တလွဲစီထွက်လာတဲ့ အဖြေတွေက Yoongiကို စိတ်ရှုပ်လာစေတယ်..

Yoongi--ဘာရယ်.. ဘယ်သူပြောတာအမှန်လဲ မင်းတို့ လာလိမ်နေကြတာလား

Tae--မဟုတ်ပါဘူး
Jk---မဟုတ်ပါဘူး

Jimin--ဟာ မင်းတို့ကလည်း အရစ်ရှည်လိုက်တာ.. လေးလက Jungkook shiက taetaeကို လိုက်နေတုန်းက အီစီကလီကာလ ကိုပြောတာ တစ်လဆိုတာက အတည်တွဲတဲ့ကာလကိုပြောတာ ... ဟုတ်တယ်ဟုတ်?

Park jimin ဗရုတ်သုတ်ခတွေ ဝင်ပြောလိုက်တော့မှ ဇာတ်ကြောင်းက ဟာကွက်မရှိ ပြီးပြည့်စုံသွားတယ်...

Tae--ဟုတ်..ဟုတ် hyung ဟုတ်တယ်.. အဲလိုပြောတာ

Taehyungစကားကို Jungkookကလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ ထောက်ခံရှာသည်...

Jimin--Chimမပြောဘူးလား hyungရဲ့.. သူတို့နှစ်ယောက်က ငယ်ငယ်ထဲကသိလာတော့ ရင်းနှီးပြီးသားတွေပါလို့..

Yoongi--တွဲနေတာကိုတော့ မကန့်ကွက်လိုပါဘူး.. တစ်ခုပဲ မယူခင် အနေအထိုင်လေးတော့ ဆင်ခြင်ကြပေါ့ .. လက်ထပ်ဖို့ကိစ္စကတော့ Jungkook shiကို Taehyungနဲ့ တိုင်တိုင်ပင်ပင် စဉ်းစားစေချင်တယ်.. အကို တို့ဘက်မှာလဲ မိသားစုအခက်အခဲလေးတွေရှိနေတော့ ချက်ချင်းဆုံးဖြတ်ဖို့ ခက်ဦးမယ်.. အကိုကတော့ Taehyungကို စိတ်ထဲရှိတဲ့အတိုင်းပဲ နေစေချင်မိတယ်.. နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသားတွေဆိုတော့ အရမ်းကြီးလည်း ဝင်မစွက်ဖက်ချင်ဘူး..

Jk--ဟုတ်ကဲ့ hyung လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်.. လက်ထပ်ဖို့ကိစ္စက မပူပါနဲ့ ကျွန်တော်တို့ သေချာဆွေးနွေးလိုက်ပါမယ် ပြီးတော့ ကျွန်တော့်ကိုလဲ ရင်းရင်းနှီးနှီး Jungkookလို့ပဲခေါ်ပါ..

Yoongi--ကောင်းပါပြီ..

Jimin--နေဦး နေဦး ငါခုန ကြားလိုက်ပါတယ် one night standဆိုလား.. taetaeမင်းမဟုတ်တာတွေ လုပ်နေတာလား

သိချင်တာကို နှစ်ယောက်အတူရှိမှ တိုးတိုးတိတ်တိတ် မေးလည်းရ နေတာကို ကိုကို့ရှေ့မှာ ပြူတူးပြဲတဲလာမေးနေတဲ့ ခွေးjiminကို လည်မျိုကုပ်သတ်ပြီးသာ အသေလုပ်ပစ်ချင်တော့တယ်.. လှမ်းကြည့်လိုက်တော့ 'မှတ်ထား နေ့လည်က ငါ့ကို အီးကျွေးချင်ဦး'ဆိုတဲ့ အကြည့်ကြီးနဲ့ သူ့ကိုပြန်ကြည့်နေတဲ့ ပတ်ဂျီပု..

When Love Calls Out To You **KV**Where stories live. Discover now