(18)

10.3K 875 18
                                    

[ Zawgyi ]

ကြီးမားခံ့ညားတဲ့ B.Whale Company အဆောက်အဦကြီးကို နှစ် ယောက်သား ရှေ့တည့်တည့်ကနေရပ်နေကြည့်နေကြတယ်.. ထို့နောက် တစ် ယောက်ကိုတစ်ယောက် နားလည်မှုရှိတဲ့ မျက်ဝန်းတွေနဲ့စိုက်ကြည့်လိုက်ပြီးတဲ့ နောက် companyထဲကို ဝင်သွားကြတော့တယ်။

Taehyung Companyက အလုပ်ထွက်တော့မယ်လို့ ပြောလာတာမို့ Jungkookကပါ တလက်စတည်း အမေဖြစ်သူကို ပြတ်ပြတ်သားသား လုပ်ပြ ချင်တာမို့ သူပါ Ceoရာထူးကထွက်ဖို့ညတွင်းချင်းစီစဉ်ထားတာ.. နှစ်ယောက်ထဲ ရှိတဲ့ အိမ်ခန်းလေးထဲမှာအတူနိုးထလာပြီး မနက်စာပါအတူတကွ ပြင်ဆင်စား သောက်လို့ သာယာတဲ့မနက်ခင်းလေးကို သူတို့တွေစတင်ခဲ့ကြတယ်.. ကံတရားက သာယာနေတဲ့သူတို့နှစ်ယောက်ရဲ့မနက်ခင်းလေးကို ပိုပြီးသဘာဝကျကျနဲ့ ပြည့်စုံသွားစေဖို့ အလုပ်ကို Busစီးပြီးသွားစေရန် အကြောင်း ဖန်ပေးခဲ့တယ်။

မသုံးပဲ parkingမှာရပ်ထားတာ လချီနေပြီး ကြားထဲ maintenance လည်းမလုပ်ဖြစ်ထားတဲ့ကားလေးကcompanyသွားတဲ့လမ်းမှာပဲတဝက်တပျက်ထိုးရပ်သွားခဲ့တယ်.. ဒီလိုနဲ့ပဲ အာမခံcompanyကို လှမ်းခေါ်ပြီး နှစ်ယောက်သား ပျော်ရွှင်စွာ Busစီးပြီး companyကို ချီတက်ခဲ့ကြတယ်။

ရုံးခန်းကိုရောက်တော့ Taehyung သူ့ရဲ့လက်ထောက်ကောင်မလေးကို အကျိုးအကြောင်းပြောရင်း လုပ်လက်စ fileတွေ လွှဲပေးလိုက်တယ်.. ပုံမှန်ဆို လုပ်လက်စတွေကိုပါ လက်စသတ်ပြီးမှလွှဲပေးရမှာဖြစ်ပေမယ့် ယောက္ခမ ဖြစ် သူက သူ့ရဲ့ ရုံးသုံး laptopနဲ့ phကိုပါပေါက်ချိုးခဲ့တာကြောင့် တမင်ကိုတန်းလန်း ပစ်ထားခဲ့လိုက်တာ.. လက်ထောက်ကောင်မလေးကို drive ကနေတစ်ဆင့် file တွေပြန်ယူပြီး ရေရေရာရာ ရှင်းပြတာမျိုးမလုပ်တော့ပဲ ဘလိုင်းကြီး ရော့အင့်ဆို ပြီးသာ လွှဲပေးခဲ့လိုက်တယ်။

Companyက ဝန်ထမ်းမလေးတွေရဲ့ လေးစားအာကျရတဲ့ အသည်း ကျော် မန်နေဂျာချုပ်တစ်ဖြစ်လည်း Ceoရဲ့ အတွင်းရေးမှူး Kim Taehyung တစ်ယောက် ဗြုန်းစားကြီး လျော်ကြေးပေးပြီးအလုပ်ထွက်တဲ့သတင်းက ချက် ချင်းဆိုသလို companyတစ်ခုလုံးကို ပျံ့နှံ့သွားပြီး ဟိုးလေးတကျော်ကျော် ဖြစ် သွားတယ်.. ဒါပေမယ့် သူတို့မသိသေးတာက သူတို့တွေရဲ့ Ceoကိုယ်တိုင် ကပင် အလုပ်ထွက်စာကို ခုံပေါ်မှာ တိတ်တိတ်လေး တင်ထားခဲ့တယ်ဆိုတာပဲ..

When Love Calls Out To You **KV**Where stories live. Discover now