(11)

14.3K 1.1K 27
                                    

[ Zawgyi ]

Taehyung နောက်ပိုင်းတွေမှာ အိပ်ရေးဝဝအိပ်လာရတာကြောင့် ခေါင်းမကြည်လင်တာတွေ မဖြစ်တော့ပေမယ့် အရင်လို တစ်လ သုံးလေးခါ လောက် ခေါင်းအပြင်းအထန်ကိုက်တဲ့ဝေဒနာကတော့ သက်သာသွားသလိုလိုနဲ့ တစ်ချက်တစ်ချက်ဆို သေအောင်ထကိုက်နေတုန်းပါပဲ.. ဒါကြောင့် အဆင်ပြေတဲ့တစ်နေ့မှ ဆေးသွားစစ်ဖို့ တွေးထားလိုက်တယ်..

ညဘက်မှာ Fantasy Companyရဲ့ Ceoအသစ်ရဲ့ partyရှိတာကြောင့် နေ့ခင်းမှာထဲက Jungkookအတွက် အဝတ်အစားကစလို့ Taehyungပြင်ဆင် နေရတယ်.. အတွင်းရေးမှူးတစ်ယောက်အနေနဲ့ Jungkookနောက်ကနေ သူပါလိုက်ပါရမှာမို့ B.whale အတွင်းရေးမှူးဂုဏ်သိက္ခာနဲ့ ကိုက်ညီစွာ ဝတ်စားဖို့အတွက် ပြည့်စုံအောင် စီစဉ်နေရသည်..

Taehyungရဲ့ အဓိကတာဝန်က partyပွဲမှာ Jungkookအနေနဲ့ လုပ်ငန်းရှင်အမြောက်အမြားနဲ့တွေ့ရမှာမို့ ပွဲတက်မယ့် လူကုန်ထံအသိုင်း အဝိုင်းတို့ရဲ့စာရင်းကို သေချာပြုစုပြီး နောက်ကနေ လိုက်လံသတိပေးဖို့ရယ် လုပ်ငန်းကိစ္စပြောဆိုကြတဲ့အခါ တစ်ခုခုလိုအပ်တာရှိရင် လုပ်ကိုင်ပေးဖို့ရယ်ပဲ ဖြစ်တယ်..

Fantasy Comapny Ceo Na Yong Haeနဲ့ ပွေ့ဖက်စကားပြောနေတဲ့ Jungkookကိုကြည့်ပြီး Taehyungရင်ထဲ မကောင်းတဲ့ အငွေ့အသက်တွေ ရှူရှိုက်မိနေတယ်.. စီးပွားရေးလောကမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ လူငယ်ချင်းမို့ အခြားသူတွေထက် ပိုမိုရင်းနှီးလွတ်လပ်စွာ ဆွေးနွေးနေကြတာက ဖြစ်သင့်ပေမယ့် business womanတစ်ဦးဖြစ်တဲ့အလျောက် smartကျစွာ ပြောဆိုဆက်ဆံနေတဲ့ Na Yong Haeရဲ့ ပုံသဏ္ဌာန်က အခြားမိန်းကလေးတွေနဲ့ လုံးဝကွဲပြားနေတာအမှန်..

ရုတ်တရက် Seyoung Noonaကိုပင် သတိရမိပါတယ်.. တကယ်ဆို noonaကလည်း ထက်မြတ်တဲ့ မိန်းမတစ်ဦးမို့ အရှိန်အဝါတစ်ခုရှိပေမယ့် သေချာပေါက် ထိုမိန်းကလေးလို အနံ့အသက်မကောင်းနေတာမျိုးမဟုတ်.. Taehyungအတွေးလွန်နေတုန်း စကားစပြတ်လာတဲ့ Jungkookက သူ့ကိုဝိုင်ခွက်လေး ထိုပေးလာတယ်..

"တော်ပြီ သူဌေး.. ကျွန်တော်က ဒါတွေ သောက်လေ့မရှိဘူး.."

စကားကို ခပ်ပြတ်ပြတ်ပြောချလိုက်မိပြီးမှ မျက်နှာထားပါ ပြန်ပြင်ရတယ်.. သဝန်တိုနေတဲ့ပုံပေါက်နေမှာစိုးလို့...

When Love Calls Out To You **KV**Where stories live. Discover now