(13)

12.1K 1K 25
                                    

[ Zawgyi ]

Two days later..

Jeonစံအိမ်ရဲ့ Jeonသခင်ငယ်လေးနေတဲ့ အိမ်တွင်းမှာ ပစ္စည်းလွှင့် ပစ်သံတွေ ရိုက်ခွဲသံတွေ ဆူညံနေတယ်..

အကြောင်းကတော့ Jungkookအမေဖြစ်သူ Nar Yumeတစ် ယောက် လေဆိပ်ကနေ သားဖြစ်သူရဲ့အိမ်ကို တန်းလာခဲ့ပြီး အခန်းထဲကိုဝင် ဝင်ချင်းတွေ့လိုက်ရတာက ကိုယ်ချင်းထပ်ပြီး အိပ်နေကြတဲ့ လူနှစ်ယောက်.. သေချာကြည့်လိုက်မှ အပေါ်ကတစ်ယောက်က သူ့သားဖြစ်နေပြီး အောက်ကလူကတော့ သေချာပေါက် Kim Taehyungဆိုတဲ့ လူငယ်ပင်..

အရမ်းကို အံ့အားသင့်သွားပြီး ဒေါသတွေထွက်လာကာ maidတစ် ယောက်ကိုမေးပြီး Taehyungရဲ့ အခန်းဆီသွားလို့ အဝတ်အစားအသုံးအ ဆောင်မှန်သမျှ အကုန် အခန်းပြင်ကို ဆွဲထုတ်တော့တယ်.. အခန်းတွင်းက တီဗွီ ပန်းအိုး ပန်းချီကား စာအုပ်စဉ် တွန်းချိုးလို့ရသမျှအကုန် laptopပါမချန် ထုချိုးပြီး သားဖြစ်သူရဲ့ အခန်းဆီကို ပြန်ဝင်လာခဲ့တယ်..

ဆူညံသံတွေကြောင့် အအိပ်ဆက်တဲ့ Taehyungနိုးလာခဲ့တယ်.. သူနိုးလာတော့ လူတစ်ကိုယ်လုံးကို အပေါ်ကနေ တက်ခွပြီးအိပ်နေတဲ့ Jungkookကိုတွေ့လိုက်ရတယ်.. Jungkookကို ဘေးတွန်းလိုက်ပြီး အသံတွေ လာရာကို စူးစမ်းရင်း ထထိုင်လိုက်တော့ လူကမိုက်ကနဲ.. မနေ့ညထဲက Jungkookနဲ့ နှစ်ယောက်သား အလုပ်ကိစ္စမပြတ်သေးတာနဲ့ လေးနာရီကျော်ကျော်လောက်ထိ ရောက်သွားခဲ့ပြီး လူကဖျားချင်သလို ဖြစ်နေတာမို့ Jungkookက သူ့အခန်းထဲဆွဲခေါ်ထားခဲ့တာ.. နာရီကြည့်လိုက်တော့ မနက်၆နာရီ.. သူတစ်နာရီခွဲပဲအိပ်ရသေးတယ်.. အသံတွေကြောင့် ဆက်မအိပ်နိုင်တော့တာမို့ ခေါင်းကလည်း တဆစ်ဆစ်ကိုက်လာတယ်.. အိပ်ရေးမဝလို့ ထိုးကိုက်လာရာကနေ တဆစ်ဆစ်နဲ့ ပိုမိုပြင်းထန်လာတဲ့ ခေါင်းကိုက်ဝေဒနာက Taehyungကို အသိစိတ်လွတ်လုနီးပါးထိ ဖြစ်သွားစေတယ်.. ကုတင်ပေါ်က ငုတ်တုတ်လေး ခေါင်းကိုထုရင်း ငုံ့နေတဲ့ကောင်လေး ကို Jeonသခင်မဆွဲချလိုက်တယ်..

"ဝုန်း.. ဒုန်း"

Nar Yumeက ဒေါသတကြီး ဆွဲချလိုက်တာမို့ ကုတင်ဘေးက မီးအိမ်စားပွဲလေးကိုပါ တိုက်ချမိပြီး ဆူညံသွားတယ်.. နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရင် ဘေးကဆင်အော်လို့တောင် မနိုးတဲ့ သူ့သားအကြောင်းကို သိပြီးသားမို့ သားဖြစ်သူနိုးမလာခင် ဒီအရှုပ်ထုပ်ကို အရင်လွှင့်ပစ်ထားရမှာ.. တကယ်လည်း Jungkookက တစ်ညလုံးအားသုံးထားတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ဘေးအသံတွေကိုမကြား..

When Love Calls Out To You **KV**Nơi câu chuyện tồn tại. Hãy khám phá bây giờ