(19)

10K 863 47
                                    

[ Zawgyi ]

တဒွီဒွီအော်မြည်လာတဲ့ Alarm vibrateသံနဲ့အတူ Taehyungနိုးထလာ တယ်.. ဘေးကိုစမ်းကြည့်မိတော့ အေးစက်နေတဲ့နေရာအလွတ်ကြောင့် မကြည် မလင်ထလာပြီး မျက်နှာတောင်မသစ်အားပဲ အခန်းပြင်ထွက်လိုက်တော့ လှမ်း မြင်လိုက်ရတာက ဧည့်ခန်းက TV monitorနဲ့ keyboardကို ချိတ်ဆက်လို့ headphoneတန်းလန်းနဲ့ သေနတ်ပစ်နေတဲ့ Jungkook.. တစ်ညလုံး ဘယ်သူနဲ့ ဆော့နေလို့ မပြီးနိုင်မစီးနိုင်ဖြစ်နေတာလဲ.. အောက်ကိုဆင်းသွားပြီး Jungkook တပ်ထားတဲ့ headphoneကို လည်ပင်းဆီဆွဲချလိုက်တော့ ဘာလဲဆိုတဲ့ အကြည့် မျိုးနဲ့ သူ့ကိုကြည့်လာတယ်..

"တစ်ညလုံးဆော့နေတာလား"

"အွန်း ခဏလေးကိုယ်ဒီတစ်ပွဲပြီးရင်နားမှာ" ပြောပြီးတာနဲ့headphone ပြန်တပ်လို့ ဆက်ဆော့နေတယ်..

ဝမ်းနည်းတာလား ဒေါသထွက်တာလားကို မသဲကွဲတော့ပဲ ခံပြင်းမှုများ စွာနဲ့ မျက်ရည်တွေဝဲလာပြီး အပေါ်ထပ်ကို ပြန်တက်လာရတယ်။ စိတ်ကိုအတတ် နိုင်ဆုံးလျော့ချပြီး ရေမိုးချိုးပြင်ဆင်ပြီး အောက်ကိုဆင်းလာတော့ Jungkookက မနက်စာဖို့ပြင်နေတယ်..

"ဟင် Tae ဒီချိန်ကြီး ရုံးတက်မလို့လား"

"မဟုတ်ဘူး ခဏလုပ်စရာလေးရှိလို့"

"ဪ.. ကြာမှာလား"

ဘယ်သွားမှာလဲမေးမလားလို့ အောင့်မေ့လိုက်ပေမယ့် တကယ်တမ်း မေးလာတာကကြာမှာလားတဲ့..ကြာရင်ဘာလုပ်ပြီးမကြာရင်ရောဘာလုပ်မလို့လဲ..သူ့အဖြေကို စူးစမ်းဟန်နဲ့ကြည့်နေတဲ့Jungkookမျက်ဝန်းတွေကိုစိုက်ကြည့်ရင်း

"မပြောတတ်သေးဘူး"

"အင်းပါ.. ဒါဆိုလည်း ပြန်လာခါနီးရင် ဖုန်းဆက်လေ ကိုယ်လာကြိုမယ် ကားလာပို့သွားပြီ.."

"အွန်း.."

"ကိုယ့်ကို စိတ်ဆိုးနေတာလား"

"ဟင့်အင်း"

"ဟား.. ဘာရုပ်လေးလဲ တကယ်စိတ်ဆိုးနေတာပဲကို.. ဆောရီးပါကွာ ကိုယ်ညက ဆော့ကောင်းကောင်းနဲ့ဆော့နေမိတာ babeကိုပစ် ထားသလိုဖြစ် သွားတယ် miyan.. "

သူ့မေးလေးကို လက်ဖျားနဲ့ အသာတို့ထိလို့ ပေါ့ပျက်ပျက်တောင်းပန် စကားတို့ကို ဆိုလာတယ်.. ဘာမှပြန်ပြောမလာပဲ မနက်စာကိုပဲ ငြိမ်သက်စွာစား နေတဲ့ Taehyung ကြောင့်

When Love Calls Out To You **KV**Where stories live. Discover now