(7)

19.4K 1.2K 35
                                    

[ Zawgyi ]

ဒီနေ့ Jungkookက ညဘက်ကြီး အရေးပေါ်meetingရှိတာကြောင့် Jungkookဘေးမှာ Taehyungက လိုအပ်တာတွေ လိုက်လုပ်ပေးနေရတယ်.. meetinပြီးလို့ Taehyungက အချက်အလက်တွေ သေချာပြန်စဉ်နေချိန် ဘေးက Jungkookက ခဏတဖြုတ် အညောင်းအညာဆန့်လို့နေတယ်..

ကိုးနာရီလောက်က စလိုက်တဲ့ အစည်းအဝေးမှာ ညတစ်နာရီကျော်မှ ပြီးတော့တာဆိုတော့ ပင်ပန်းနေမှာ အသေချာ.. ဘေးကဖျော်ပေးထားတဲ့ coffeeအိုးကလည်း ဘာမှမကျန်တော့တာမို့ ရေနွေးကြမ်းသောက်ရင်း Taehyungအလုပ်လုပ်တာကို ထိုင်ကြည့်နေတယ်..

ဘယ်ဟာက ဘယ်လို.. ဘာကတော့ ဘာဖြစ်ပါတယ်နှော..ဆိုပြီး မေးလိုက် လုပ်လိုက် လုပ်နေတဲ့ Taehyungကို Jungkookက တနင့်တပိုး ငေးကြည့်ရင်း ဖြေနေတာ.. အိမ်နေရင်းမို့ တီရှပ်အကြီးကြီးတစ်ထည်နဲ့ ဘောင်းဘီအကွက်လေး ဝတ်ဆင်ထားတာက ဝက်ဝံရုပ်လေး အဝတ်ဝတ်ပေးသလိုဖြစ်နေပြီး ကြည်လင်ရှင်းသန့်နေတဲ့ မျက်နှာလေးထက်မှာ ဘဲဥပုံမျက်မှန်လေးက နေရာယူထားတယ်..။

ချစ်ဖို့ကောင်းလိုက်တာဆိုတာလေ သူဘယ်လိုဖော်ကျူးရမှန်းကို မသိတော့အောင်ပါ.. ပေါင်ဒါဖြူဖြူလေးတွေကလည်း ဂုတ်သားလေးမှာ တင်ကျံနေသေးတာ.. လှန်တင်မထားတဲ့ အနက်ရောင်ဆံစတွေကတော့ နဖူးပေါ်မှာ ကပိုကရိုကျဆင်းပြီး အရုပ်တစ်ရုပ်အသွင်ကို ပိုပေါ်လွင်နေစေတယ်..။

ဖြည်းဖြည်းလေးချင်း ခေါင်းလေးတိုးကပ်သွားလိုက်တော့ ဘာလဲဆိုပြီး အသာလေးလှည့်လာတာနဲ့ ကြုံပါလေရော.. အိစက်စက် နှုတ်ခမ်းပါးလေးက ရှေ့တည့်တည့် ဘယ်လောက်မှ မဝေးတော့တာမို့ ချက်ချင်းပဲ မေးလေးငေါ့ကာ စုပ်ယူလိုက်မိတယ်..။

တအံ့တဩဖြစ်နေတဲ့ မျက်ဝန်းလေးတွေက အနည်းငယ်ကျယ်လျက်ရှိပြီး သူစုပ်ယူလိုက်တဲ့ နှုတ်ခမ်းသားလေးတွေကတော့ ပြောင်လက်လို့.. နှာတံပေါ် လျှောကျနေတဲ့ မျက်မှန်ကိုင်းလေးကို လက်ညှိုးလေးနဲ့ တွန်းတင်ပေးရင် ရယ်ချင်တဲ့စိတ်ကို ထိန်းလို့မရလို့ ဟက်ကနဲ ရယ်လိုက်မိပါသေးတယ်.. ဘယ်လိုတောင် ချစ်စရာကောင်းတဲ့ အကောင်လေးမှန်းရယ်မသိ..

ကိုယ့်အတွေးနဲ့ကိုယ် ကြည်နူးနေတုန်းမှာပဲ Taehyungက ဝုန်းကနဲထရပ်ပြီး

When Love Calls Out To You **KV**Where stories live. Discover now