(27)

10.7K 847 54
                                    

[ Zawgyi ]

Jungkook မနက်တိုင် ထနေကျအချိန်အတိုင်း နိုးလာတယ်.. နိုးပေမယ့် မျက်လုံးမဖွင့်နိုင်ပဲ ဘေးက ချစ်ချစ်ကို လက်နဲ့စမ်းကြည့်တယ်.. မတွေ့တာနဲ့ တစ်ဖက်လှည့်စမ်းကြည့်တော့မှ.. တွေ့ပါပြီ..

သူ့ဘက်လှည့်အိပ်နေတဲ့ အသည်း ငယ်ကို ရင်ခွင်ထဲထည့်ဖို့ ကျောဆီလက်လှမ်းရင်း ဆွဲလိုက်ပေမယ့် ရွေ့မလာ..

စမ်းမိတာက မာမာတောင့်တောင့် လက်မောင်း.. ပါးကိုစမ်းကြည့်တော့ အိပျော့ ပျော့နဲ့ ခပ်ဖောင်းဖောင်းဖြစ်နေတယ်..

တစ်ခုခုမှားနေသလို ခံစားရတာကြောင့် မျက်စိဖွင့်ကြည့်တော့ Taeနဲ့မတူတဲ့ ကောင်လေးတစ်ယောက်က သူ့ရှေ့မှာအိပ် နေတာကို ဝါးတာတားတွေ့ရတယ်.. မျက်လုံးကိုစုတ်မှိတ်စုတ်မှိတ်လုပ်ပြီး သေ ချာပြန်ကြည့်တော့

"အား........"..

"အင့်...... အာ့..... သေပါပြီ..... "...

"အဟားဟားဟား.... ခစ်ခစ်....အဟစ်ဟစ်"

Jungkookလန့်သွားပြီး အားကနဲအော်ကာ သူ့ရှေ့က Jiminကို စောင့်ကန် လိုက်တာမို့ Jiminခမျာ အင့်ကနဲ ခုတင်အောက်ကို ပြုတ်ကျသွားရတယ်.. ထိုအရာကိုတော့ Taehyungက ခုတင်ဘေး ထိုင်ခုံကနေ မိန့်မိန့်ကြီး လှမ်းကြည့် ပြီး တဟားဟားရယ်နေတာဖြစ်တယ်

ဘယ်လိုဖြစ်သွားရတာလဲဆိုတာ ပြန်ပြောရရင်....

ညကTaehyung အပေါ်ထပ်ကိုရောက်တော့ သကောင့်သား Jiminနဲ့ သူ့ကိုကိုက တစ်ခုတင်ထဲမှာ ကျောချင်းကပ် အိပ်နေကြတာများ စစ်မြေပြင်မှာ ရန်သူတွေဝိုင်းနေလို့ ကျောချင်းကပ်အနေအထားနဲ့ တိုက်ခိုက်တော့မယ့် စစ်သား နှစ်ယောက်ကျနေတာပဲJiminသရဲကြောက်တာကိုသူသိပါတယ်ဒီအိမ်ကိုတစ်ခါမှ
ညမအိပ်ဖူးတော့ လန့်နေတာဖြစ်လောက်မည်။

ဘယ်လိုပဲဖြစ်ဖြစ်လေ သူ့ကိုကို ဘေးဝင်အိပ်စရာလားလို့..Park Jimin တို့က ကျောင်းတုန်းက သောက်ကျင့်ကို မပျောက်ဘူး.. ယောကျာ်းလေး အချင်းချင်းဆိုပြီး အဆောင်သားတွေစုသောက် တဲ့နေ့ ကောင်လေးတစ်ယောက်နဲ့ အတူတူသွားအိပ်လိုက်တာ မနက်ကျ သူနဲ့အိပ် တဲ့ကောင်လေးရဲ့ ကောင်လေးက ပြဿနာ ရှာလို့ ရန်ပွဲတွေပါဖြစ်ကုန်ရော။

When Love Calls Out To You **KV**Where stories live. Discover now