ဆယ်ငါးမိနစ်လောက်အကြာမှာ Noel
အငိုတိတ်သွားတာနဲ့ မင်းဆက်ခ
ကျောလေး ကို ပုပ်ကာ....။

”သဲငယ် မင်းစီမှာ ကိုယ်ဝန်ရှိနေပြီသိလား ”

”အင် သိတယ် ဖေဖေ စစ်ဆေးပေးခဲ့တာ ”

”ဒီနေ့ကစပြီး အနေအထိုင် အသွားအလာ
ဆင်ခြင်ရမယ်နော် ”

”သိပါတယ် ဦးဆက်ရယ် အခုတော့
ခဏလာအုန်း ဖက်ထားချင်လို့ ”

Noel အလိုကျ မင်းဆက်ခ အဖက်ခံနေရတော့တယ်။

တဖက်မှာတော့ Sam ဇေယု နိုးလာဖို့ စောင့်
ကြည့်​နေပင်မဲ့ အခုထိနိုးမလာဘူး။

အိပ်ပျော်နေတဲ့ ဇေယု ရဲ့ ဆံနွယ်လေး
တွေကို သပ်ကာ.....

”မင်းသိလား ဇေယု မင်းကို အချိန်ခဏလေး
ပဲတွေ့ခဲ့ရတယ်ဆိုပင်မဲ့ ငါ့လွတ်လမ်းထက်
မင်းကို ပိုဖက်တွယ်မိတယ် ”

”မင်းသေလည်း ဝမ်းနည်းမဲ့လူမရှိဘူး
ဘာလို့လဲ ဆိုတော့ မင်းသေရင် ငါပါ
တခါတည်းလိုက်သေမှာမို့လို့ပဲ ငါက
ဝမ်းနည်းပြီး ကျန်နေခဲ့မှာမဟုတ်ဘူး ဇေယု ”

Sam ဇေယု ကို ကြည့်နေပင်မဲ့ လှုပ်မလာဘူး
ကြည့်ရတာ ပင်ပန်းခဲ့ သမျှအတိုးချပြီး
အနားယူနေတာဖြစ်မယ် ။

မင်းဆက်ခ အခန်းထဲက TV ကို ဖွင့်လိုက်တဲ့
အချိန် Breaking New အနေနဲ့
လာနေတဲ့ သတင်း တပုဒ်......။

”ရန်ကုန် မြို့အတွင်း သေနတ် ပစ်ခတ်မှုတွေ
ဖြစ်ပွားခဲ့ ရာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်
လဲဆို တာ အခုထိ အစိုးရက ထုတ်ပြန်ချင်း
မရှိသေးလို့ ဘာမှလည်း မသိရှိရသေးဘူး
လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ထုတ်ပြန်
ကြော်ညာထားပါတယ် ”

မင်းဆက်ခ နဲ့ Noel သတင်းကြည့်ပြီးတဲ့
အခါ ......

”ဦးဆက် ဘယ်လိုတွေ ဖြစ်လာတော့မှာလဲ ”

”စိတ်မပူပါနဲ့ ဒီလောက် ကဖြေရှင်းလို့ရတယ် ”

မင်းဆက်ခ ဝန်ကြီးချုပ်စီဖုန်းဆက်ကာ........။

”ဟယ်လို ဝန်ကြီးလား ခင်ဗျ ”

”အော်....မင်းဆက်ခ ပြောပါ ”

Noel's Husband (Z & U)  Where stories live. Discover now