အခန်း / ၅၂

Start from the beginning
                                    

လိုအပ်တဲ့ပစ္စည်းတွေကအဆင်သင့်ရှိနေပြီးသားမို့ သူ့အတွက်ကချက်ပြုတ်ရုံလေးပဲ...

တချိန်တုန်းကလည်း သူချက်ပေးတဲ့ကြက်ပေါင်းရည်ကိုနှစ်နှစ်ခြိုက်ခြိုက်သောက်တတ်တဲ့ကောင်လေးရှိခဲ့တယ်လေ...
အဲ့ဒီတော့ သူအကျွမ်းကျင်ဆုံး ချက်တတ်တဲ့ဟင်းကလည်း ကြက်ပေါင်းရည်ပဲဖြစ်လာတော့တာပေါ့...

အင်္ကျီ လက်ကိုတံတောင်ဆစ်ထိပင့်တင်လိုက်ပြီး အတွင်းကလီစာတွေထုတ်ထားတဲ့ကြက်အကောင်လိုက်ကို ရေနဲ့နှစ်ထပ်လောက်ဆေးလိုက်တယ်...

ကြည့်ကောင်းရုံအနေတော်တုံးထားတဲ့
မုန်လာဥနီ မုန်လာဥဖြူ ငရုပ်ကောင်းလေးငါးစေ့နဲ့ ခပ်စောင်းစောင်းလှီးထားတဲ့စပါးလင်တွေကို ကြက်ရဲ့ဝမ်းခေါင်းထဲထည့်လိုက်ပြီး ကြက်ရဲ့အပြင်ဘက်ကို ဆား ရယ် သကြားရယ်နဲ့ လိမ်းနယ်လိုက်တယ်....

ပြီးတာနဲ့ပေါင်းအိုးထဲထည့်လိုက်ပြီး ရေမြုပ်အောင်ထည့် အလုံပိတ် ဂက်စ်မီးဖိုပေါ်တင်လိုက်တာနဲ့ပြီးပြီ...
ဟင်းရည်ပွက်လာမှထွက်လာတဲ့အမြုပ်တွေကို ဇွန်းနဲ့ဖယ်ပစ်ရုံပဲ...

တကယ်ကိုရိုးရိုးရှင်းရှင်းပဲဖြစ်သည်.....

Krist နှစ်သက်ဖို့သာလိုသည်...
အရင်ကလိုပဲ သူချက်တာကိုကြိုက်ပါဦးမလားဆိုတာတော့.......

"""""""""""""""""""""""""

"အား......ကြီးနွန်ရေ....လုပ်ပြန်ပြီ...
ကျွန်တော်နေကောင်းနေပြီနော်...
ဒီငြီးငွေ့စရာကောင်းတဲ့မနက်စာကြီးမလုပ်ပါနဲ့ဆို ကျွန်တော် ကြက်စွပ်ပြုတ်မကြိုက်ဘူးလို့.....''

စားပွဲထက်က ကြက်စွပ်ပြုတ်ပန်းကန်ကိုမြင်လိုက်တာနဲ့ Krist ပြောမိတဲ့စကားဖြစ်သည်...

မကြိုက်ဘူး...
သူမကြိုက်ဘူးလို့....

" ဒါကကြက်စွပ်ပြုတ်မဟုတ်ပါဘူး
ကြက်ပေါင်းရည်ပါ...ပြီးတော့ ဒီကြက်ပေါင်းရည်က ကြီးနွန်ချက်တာမဟုတ်ပါဘူး....''

ကြက်ပေါင်းရည်ဖြစ်ဖြစ်ကြက်စွပ်ပြုတ်ဖြစ်ဖြစ် သူ့မျက်လုံးထဲမှာတော့အတူတူပဲဖြစ်သည်...
အရသာကဘာမှကွဲပြားသွားတာမှမဟုတ်တာ...

"ဘယ်သူချက်တာပဲဖြစ်ဖြစ် ဖယ်လိုက်....ကျွန်တော်ငယ်ငယ်ထဲကဒါမျိုးမကြိုက်တာသိရဲ့နဲ့ နေမကောင်းလို့သာပေတေပြီးစားရတာ တကယ်မကြိုက်ဘူး......''

Rewrite the StarsWhere stories live. Discover now