အခန်း /၅၀(z&u)

690 70 6
                                    

"""""""""""""""""""

သုံးရက်....

သုံးရက်တောင်ရှိခဲ့ပြီ....
Phi Kit ဆီက နေရေးထိုင်ရေးအဆင်ပြေလားလို့ဖုန်းဆက်မေးတာအပြင်တခြားအကြောင်းအရာပါမလာခဲ့ဘူး...
ပြီးတော့...
Jade က သူ့ဆီဖုန်းလေးတောင်ဆက်မလာခဲ့ဘူးလေ....ဟဟ

Phi Kit ကသူ့ကိုအထင်ကြီးခဲ့တာပဲဖြစ်မယ်...ဒါမှမဟုတ်...
သူစိတ်ကူးယဉ်မိတာပဲဖြစ်မှာပါ
Jade က သူ့ကိုအသည်းအသန်လိုက်ရှာပါမတဲ့လား.....

သူက ဒီအတိုင်းအဖြည့်ခံလေးသက်သက်ပဲကို....

ဟက်.......
နာကျင်ရင်လည်းပြုံးမိတာပါပဲ...
နည်းနည်းလောက်များသက်သာသွားမလားဆိုတဲ့ မျော်လင့်ချက်လေးနဲ့ပေါ့...

အေးစိမ့်တဲ့လေတစ်ဝှေ့ကြောင့် အင်္ကျီကိုဆွဲစေ့လိုက်ပြီးလက်ပိုက်ထားလိုက်တယ်...

ပန်းခင်းက ချိုင့်ဝှမ်းလေးမှာရှိနေတဲ့အလျောက်
အေးစိမ့်မှုကလည်းပိုတယ်...
နှင်းတွေအရမ်းကြီးမကျပေမယ့်
မြူတွေနဲ့ဆိုင်းနေတဲ့ဝန်းကျင်က
သူ့အတွေးတွေကိုနောက်ပြန်သွားစေတယ်...

သူနဲ့Jade ပထမဆုံးစတွေ့ဖူးတဲ့အချိန်..
Jade နောက်ကိုလိုက်ခဲ့ဖို့သူဆုံးဖြတ်ခဲ့တဲ့အချိန်....
Jade ဆီမှာ ကျရှူံးမှန်းမသိကျရှူံးခဲ့ရတဲ့အချိန်တွေ...
ပြောရရင် Jade နဲ့စတွေ့ပြီးထဲက
သူက Jade ရဲ့အပိုင်လို စိုးမိုးခံခဲ့ရတယ်ထင်ပါတယ်....
ဆယ်ကျော်သက်စိတ်ကစားမှုဆိုတာမျိုးတောင် သူကတော့မခံစားခဲ့ရဘူး...

Jade က သူတို့မိသားစုရဲ့ကယ်တင်ရှင်လိုမျိုး...
သူ့အပေါ်သိပ်ပြီးမကြင်နာလှပေမယ့်
မရက်စက်တတ်တဲ့လူလိုမျိုး...
အဆုံးမှာ Jade ကြောင့်နာကျင်နေရတောင်မှ
ဒီနာကျင်မှုကကိုယ်တိုင်ဖန်တီးရယူခဲ့သလိုမျိုး...
အဲ့တာကဘယ်တော့မှလွှတ်မြောက်မှာမဟုတ်ဘူးပဲပေါ့...

"Ouch.... Austin... ပန်းခင်းထဲရောက်နေပြီလား...အစောကြီးရှိနေသေးတာကို...''

အံ့သြ သွားတဲ့အာမေဋိတ်အသံနဲ့အတူ
Phi Sing က သူ့အနားရောက်လာခဲ့တယ်...
လက်ထဲမှာပန်းတစ်ပွေ့နဲ့...

"Phi Sing ရော...အစောကြီးဘာလာလုပ်တာလဲ...''

တကယ်တော့သူ့အမေးကကြောင်တောင်တောင်နိုင်တယ်...
ဒါက Phi Sing ပိုင်တဲ့ပန်းခင်းလေ..
မနက်စောစောပဲဖြစ်ဖြစ် ဘယ်အချိန်ပဲဖြစ်ဖြစ် သူသာဆန္ဒရှိရင်လာနေမှာပဲပေါ့..ယ

Rewrite the StarsWhere stories live. Discover now