အခန်း/ ၂၆(z&u)

889 87 14
                                    


""""""""""""""""""""""

သူတို့တွေ့ဆုံသောနေရာသည်
စားသောက်ဆိုင်တစ်ခုရဲ့သီးသန့်ခန်းတစ်ခုထဲတွင်ဖြစ်သည်

ရေတစ်ခွက်စီကိုသာရှေ့ချထားပြီး
ခန့်မှန်းမရသောအကြည့်ကိုယ်စီနဲ့အေးစက်စွာသာရှိနေခဲ့ကြသည်

အားပြိုင်မှု...

သတိမထားမိပဲ အကြည့်တွေပြိုင်နေကြရင်းက
တစ်ဦးတစ်ယေက်ကမှအလျှော့ပေးဖို့မစဉ်းစား

မှုန်နေအောင်ချောခြင်းမဟုတ်သော်လည်း
မြင်လိုက်တာနဲ့ချောလိုက်တာလို့ပြောရလောက်သော ရုပ်ရည်သည်ဖြူစွတ်နေတဲ့အသားရောင်နဲ့ပနံရစွာရှိသည်..

ကားသယောင်မေးရိုးက ခေါင်းမာတတ်တဲ့ဗီဇကိုပိုမိုထောက်ပံ့ပေးထားတယ်

ပိရိသေသပ်တဲ့နူတ်ခမ်းပါးတွေက
ပြတ်သားပြီးရက်စက်တတ်သလိုထင်ရစေတယ်...

ဘယ်လိုပဲကြည့်ကြည့် ယေကျာ်းတစ်ယောက်ရဲ့အငွေ့အသက်တွေသာလွှမ်းခြုံထားတဲ့ဒီကောင်လေးက
Gay တစ်ယောက်ပါဆိုတာယုံကြည်စရာမရှိဘူး...
သူမရဲ့ချစ်သူကိုသာလုမယူခဲ့ဖူးရင်ပေါ့..

"Krist တို့ကိုချိန်းတဲ့ကိစ္စက..''

"Phi ဘာလုပ်ထားလဲဆိုတာ Phi သိပါတယ်..ဟန်ဆောင်နေတာ အကျိုးမရှိတော့ဘူး..''

ဘယ်သူ့မျက်နှာကိုမှမထောက်ထားတတ်တဲ့ ကောင်လေးဟာ သူမကိုလည်းမိန်းကလေးမို့လို့အလျှော့ပေးပြောဆိုလိမ့်မည်မဟုတ်...

ဒါဟာအရမ်းကိုသေချာနေတဲ့ဥပမာတွေရှိခဲ့ပြီးပြီ

" တို့ဘာအမှားမှမလုပ်ထားဘူး...''

Sing ကိုပြန်ပိုင်ဆိုင်နိုင်အောင်လုပ်တာသူမအမှားမဟုတ်ဘူး..

"Phi Pai ဘာတွေမျော်လင့်ထားသလဲဆိုတာတော့မသိဘူး...ဒါပေမယ့်ဘာတစ်ခုမှရမှာမဟုတ်ဘူးနော်...ကိုကိုကအရင်ထဲကကျွန်တော့အပိုင်....''

ခိုင်မာလွန်းလှတဲ့ယုံကြည်ချက်တွေကိုတစ်စစီဖြစ်အောင်ရိုက်ချိုးပစ်ချင်စိတ်က
အချိန်တွေကိုမစောင့်နိုင်တော့တဲ့အထိပဲ..

ဒါပေမယ့် သူမ စိတ်ထိန်းထားရဦးမယ်..

'' မင်းအပိုင်..အတင်းအကြပ်လက်ထပ်နိုင်ခဲ့ပြီးတာနဲ့ မင်းအပိုင်ဖြစ်သွားတာလား..
တို့နဲ့Sing ကသုံးနှစ်တောင်တွဲခဲ့တာ..
မင်းသာဝင်မရှုပ်ရင် ငါတို့လက်ထပ်ပြီးလောက်ပြီ...''

Rewrite the StarsWhere stories live. Discover now