အခန်း / ၁(z&u)

4.5K 135 18
                                    


""""""""""""""""""

"မင်းကိုတကယ်စိတ်ပျက်သွားပြီ
Krist..''

နဖူးကသွေးစက်တို့ကျဆင်းနေတဲ့
မိန်းမကို တွဲကူပြီး ထွက်သွားတဲ့ကိုကို့ကို
သူ ဘာတစ်ခွန်းမှ မပြောလိုက်နိုင်ဘူး..

ယိုင်လဲကျတော့မတတ် သရုပ်ဆောင်နေတဲ့ မိန်းမကတော့
ကိုကိုမမြင်အောင် မဲ့ပြုံးတစ်ချက်နဲ့
ဒေါသဆွသွားလေရဲ့....

ကျွန်တော် ဘာလို့ဒီလိုလုပ်ရတာလဲဆိုတာ
ကိုကို ဘာလို့မမေးတာလဲ...

ကိုကိုနဲ့ပတ်သက်ရင် သွေးဆူလွယ်လွန်း
တဲ့ ကျွန်တော့ကိုတမင်သက်သက်
လာတိုက်ခိုက်တဲ့မိန်းမကို
ကျွန်တော် ယဉ်ကျေးစွာမပြုမှူနေနိုင်ဘူး
ကိုကို....

ကျွန်တော် ကိုကို့ကိုဘယ်လောက်ချစ်လဲ
ဆိုတာ ကိုကိုသိဖို့ကောင်းပါတယ်

"""""""""""""""""

"အဲ့ဒါကဘာလဲ....''

"အစ်ကိုလေး အပူတက်ပြီးဖျားနေလို့...''

ရေဇလုံကိုင်ပြီးဆင်းလာတဲ့ နွန်ကို
သူ အသာပဲကြည့်နေလိုက်တော့တယ်...

သူ့ဒေါသနဲ့သူ ဖျားတာလေ...

ဒေါသတချို့နဲ့ တွေးမိပေမယ့် ခြေထောက်
တွေကတော့ Krist ရှိရာ အပေါ်ထပ်
အခန်းဆီ ဦးတည်နေခဲ့ပြီ

လူငါးယောက်လောက်အိပ်လို့ရတဲ့
ကုတင်ကြီးပေါ် လဲလျောင်းနေလေတဲ့
Krist....

နဖူးကိုအပူစမ်းလိုက်တော့ အနည်းငယ်
ပူနွေးနေသေးသည်

"Krist....မင်းအိပ်နေပြီလား...''

စဝင်လာတည်းကကိုကိုဆွတ်နေကြ
လက်ဖက်စိမ်းနံ့သင်းသင်းရနေသည်မို့
ပိတ်ချထားတဲ့ မျက်လုံးတွေကိုဖွင့်လိုက်ရင်း...

"မအိပ်သေးပါဘူး ကိုကို...''

မျက်လုံးတွေဖွင့်လာပေမယ့် သူ့ကိုတော့
မကြည့်တဲ့ Krist

"နေ့လည်က ဘာဖြစ်တာလဲ...''

"ကိုကို့ကိုသူပြောပြီးသားဖြစ်မှာပဲလေ...''

မထုံတက်တေး အမူရာနဲ့ လေသံမာမာ...
သူကြားချင်တာ ဒီလိုအဖြေမျိုးမဟုတ်.

Rewrite the StarsWhere stories live. Discover now