အခန်း / ၄၅(unicode)

584 51 10
                                    


"""""""""""""""""""""

" ဒုန်း......''

သူကျောခိုင်းထွက်လာခဲ့တဲ့ စားသောက်ဆိုင်နားဝန်းကျင်မှာပဲ
ကျယ်လောင်တဲ့ထိခိုက်သံတစ်ခု

ရုံးဆင်းလာတဲ့လူတွေ...
လမ်းသွားလမ်းလာတွေ တပြုံကြီးစုခဲသွားကြတယ်...

"ကောင်လေးတစ်ယောက်ပဲ...''

"တိုက်တဲ့ကား...ထွက်ပြေးသွားပြီ...''

"ကားနံပါတ်မှတ်...''

"ဆေးရုံကားခေါ်......''

ဝရုန်းသုန်းကားနဲ့အသံတွေ...
လျစ်လျူရှုပြီးသူဆက်လျှောက်လာခဲ့တယ်...

သူနဲ့မဆိုင်ဘူး...

သူ့နှလုံးသားကသူချစ်တဲ့သူအတွက်ပဲနာကျင်ဖို့ရှိတယ်...
ထင်ရာစိုင်းတတ်တဲ့ကောင်လေး...
သူ့ကိုစိတ်ပူအောင်လုပ်တဲ့ကောင်လေး...

"ဟဲ့....သူကတော်တော်ချောတာပဲ...
သနားစရာ...ကားကတမင်တိုက်ပြေးသလားပဲ.....''

ဆိုတဲ့အသံကျယ်ကြီးကသူ့ခြေလှမ်းတွေကိုရပ်တန့်သွားစေတယ်....
ဘာကြောင့်မှန်းမသိသူ့ခြေထောက်တွေဟာ မြေပြင်နဲ့သံမှိုစွဲထားသလိုလှုပ်မရတော့ဘူး...

သူ့ရင်ဟာလည်းထိတ်လန့်မှုကြောင့်မြန်မြန်ဆန်ဆန်ခုန်လာလေတော့ရဲ့...
!! မဖြစ်နိုင်ပါဘူး...မဟုတ်ပါဘူး...!!

မဖြစ်နိုင်ပါဘူးလို့ ကိုယ့်ကို ကိုယ်နှစ်သိမ့်နေပေမယ့်
နောက်ပြန်လှည့်လာခဲ့တဲ့ခြေထောက်တွေက လူအုပ်ကြီးကြားထဲတရကြမ်းတိုးဝင်တယ်...
လူတွေကိုကြမ်းကြမ်းတမ်းတမ်းပဲတွန်းဖယ်ပစ်လိုက်ပြီး ကားလမ်းမပေါ်က လူငယ်လေးကိုတွေ့လိုက်တော့.......

ကမ္ဘာကြီးတစ်ခုလုံးဟာချာချာလည်..

မဟုတ်ဘူူး....အဲ့လိုမဟုတ်ဘူး....

ဦးခေါင်းကစိမ့်ထွက်နေတဲ့သွေးတွေ....ပျော့ပြောင်းစွာလှဲကျနေတဲ့ခန္ဓာကိုယ်လေး....ဖရိုဖရဲဆံပင်တွေကြားက
သူချစ်ရတဲ့သူရဲ့မျက်နှာနုနုလေး....

"Phi Sing နဲ့ကျွန်တော့ကြားမှာဘာကိစ္စတွေဖြစ်ခဲ့တာလဲ...ပြောပြပေး...''

ဖြေကိုဖြေရမယ်ဆိုတဲ့ ခိုင်မာတဲ့အကြည့်...

ဇွတ်တရွတ်ဆန်တဲ့ကောင်လေးဟာအရင်လိုပဲ ခေါင်းမာနေဆဲ...
ပျက်စီးသွားမှာမဟုတ်တဲ့ဗီဇလေးပေါ့လေ

Rewrite the StarsWhere stories live. Discover now