အခန်း / ၃၃(z&u)

935 85 26
                                    

"""""""""""""""""""

ဝရန်တာမီးဖျော့ဖျော့ရဲ့အောက်မှာ
ကိုကို့ရဲ့ကျောပြင်ဟာ သွယ်လျလျနဲ့ရှင်းသန့်နေတာမျိုး...

သူ့ကိုကျောခိုင်းခဲ့ဖူးတဲ့ ကိုကို့ရဲ့နောက်ကျောကို
သူဟာမကြာခဏငေးကြည့်ခဲ့ရဖူးတယ်..

အဲ့ဒီတုန်းကတော့ စွန့်လွှတ်လိုက်ရပြီလားဆိုပြီး ပူလောင်ရတဲ့စိတ်..

အခုကျတော့ ဒီလူက သူ့ပိုင်ဆိုင်ရာဆိုတာ
ပိုသေချာတဲ့စိတ်

"ကိုကို...ရေမချိုးသေးဘူးလား..''

ဖက်တွယ်လိုက်တဲ့ကျောပြင်ကနေ
ရေမွေးနံ့နဲ့ချွေးနံ့ရောနှောနေတဲ့အနံ့က
တမျိုးစိမ့်ဝင်တယ်...

"ချိုးမှာပါ...ခဏနားနေတာ...''

"အလုပ်ကပင်ပန်းလား....ဟုတ်သား...
ကိုကို ကျွန်တော်တို့တစ်ပတ်လောက်အလုပ်လစ်ရအောင်...''

နောက်ကဖက်တွယ်ထားရာကနေ
ရှေ့ဘက်ကိုချက်ချင်းရောက်လာကာ
တက်ကြွနေတဲ့ကောင်လေး...

အထက်တန်းတုန်းကကျောင်းလစ်ပြေးတတ်တဲ့အကျင့်က
အလုပ်ထဲရောက်တဲ့ထိအကျင့်ပါနေတုန်း..

" အလုပ်ရှုပ်နေတယ်ဆို..''

"အင်း...အဲ့ဒါလည်းဟုတ်တယ်..''

Austin ရဲ့ရိုက်ကူးရေးကစနေပြီ...
နောက်နှစ်ရက်ဆို ကြိုရိုက်ထားတဲ့
Trailer စလွင့်မယ့်ရက်....

ဟုတ်သား...
အလုပ်လစ်လို့မရဘူးပဲ....

" အလုပ်တွေပါးသွားရင် ခရီးထွက်တာပေါ့....နောက်တစ်ပတ်လောက်ဆို အချိန်ရလောက်မှာပါ....''

မကြည်မသာဖြစ်နေတဲ့မျက်နှာလေးကိုဖျစ်ညှစ်ပစ်လိုက်ပြီးမှ ရင်ခွင်ထဲဆွဲဖက်ထားလိုက်တယ်

မွေးမွေးလေးနဲ့နွေးနွေးလေး....

ဒီကောင်လေးကိုပွေ့ဖက်ထားရချိန်တိုင်း
ခံစားမှုက အရမ်းကိုကောင်းမွန်လွန်းတယ်...

နွေးထွေးပြီးကြင်နာတယ်....
သက်တောင့်သက်သာ ဖြစ်တယ်..
အလုပ်ကရတဲ့စိတ်ဖိစီးမှုတွေလည်းမရှိတော့သလိုမျိုး...

ဒီလိုလေး...
တစ်သက်လုံးထွေးပွေ့ထားချင်ပါရဲ့..

"""""""""""""""""""""

Rewrite the StarsWhere stories live. Discover now