အခန်း / ၁၂(z&u)

1.1K 104 17
                                    

"""""""""""""""""""""""

"Sing...... ''

ဧည့်ခန်းမှာထိုင်နေတဲ့ Pai က
အံ့သြ နေတဲ့ဟန်နဲ့သူ့ကိုခေါ်လာတယ်...

ဟုတ်တယ်..
Pai ကိုသူ့အိမ်မှာထားပြီးထဲက
သူအိမ်ကိုတစ်ခေါက်တောင်ပြန်မလာဘူး..
ခုပြန်လာတယ်ဆိုတာကလည်း....

Krist ပို့လိုက်တယ်ဆိုတဲ့ ဖိတ်စာနဲ့
ဝတ်စုံကိုယူဖို့...
ပွဲကညနေငါးနာရီကနေ ညဆယ့်နှစ်နာရီ
အထိလို့ကြားထားတာမို့
ဝန်ထမ်းအားလုံးအလုပ်ဆင်းကြမှပဲ
သူလည်းအိမ်ပြန်လာခဲ့တာ...

အိမ်မှာရေချိုးအဝတ်အစားလဲပြီးမှပဲ
ပွဲကိုဆက်သွားလိုက်ဖို့ဆုံးဖြတ်ပြီးပေါ့...

" Sing ကိစ္စရှိလို့လား...''

Pai ရဲ့စကားကအိမ်ရှင်ကဧည့်သည်ကို
မေးနေသလိုမျိုး...
ဒါပေမယ့် သူဂရုမထားတော့ဘူး..

"ဟုတ်တယ်...Khun Phom ရော...''

"ကျွန်မဒီမှာ အစ်ကိုလေး...''

မီးဖိုခန်းထဲကအပြေးအလွှားထွက်လာတဲ့
Khun Phom....

"ကျွန်တော့နာမည်နဲ့ ဖိတ်စာရယ်ဝတ်စုံရယ်ရောက်နေတယ်မလား...ဘယ်နားထားလိုက်လဲမေးမလို့..''

"အစ်ကိုလေးရဲ့အခန်းမှာပဲ ထည့်ထား
လိုက်ပါတယ်...ဝတ်စုံက ဗီရိုထဲမှာပါ
ဖိတ်စာကတော့ စာကြည့်စားပွဲပေါ်မှာပါ..''

"ရပါပြီ...Khun Phom လုပ်စရာရှိတာ
သွားလုပ်ပါ...''

Pai ရဲ့သိချင်နေတဲ့အကြည့်တွေကို
လျစ်လျူရှု ထားလိုက်ပြီး
သူလည်းအခန်းဆီတက်ခဲ့လိုက်တော့တယ်...

ရုတ်တရက် ကြည့်လိုက်ရင်
အခြေအနေ တွေကသိပ်မထူးဆန်းသလို
ပေမယ့်
Krist နဲ့သူ ခွဲနေတဲ့အချိန်မှာပဲ
Jade ပြန်လာခဲ့တာ
Pai သူ့အိမ်ကိုရောက်လာခဲ့တာက
တိုက်ဆိုင်မှုပဲလား...

ဒါမှမဟုတ်.....
ဒါတွေက Jade ရဲ့လှည့်ကွက်တွေများ
ဖြစ်နေမလားလို့သူထင်မိတယ်...

အဲ့ကောင်လေးရဲ့စွဲလမ်းမှုက
တော်တော်ကိုဆိုးဆိုးရွားရွားပဲလေ...
ဒါကို ဟိုစဉ် Krist နဲ့သူငယ်ချင်းဖြစ်နေ
ထဲကသူသတိထားမိခဲ့တာ...

သူတို့အုပ်စုထဲမှာ Krist ကိုသူတစ်ယောက်ထဲကပဲ
ထိကိုင်တတ်ပြီး တခြားသူတွေဆို
မတော်တဆထိမိတတ်တာကအစ
ဒေါသထွက်လာတတ်တဲ့ကောင်လေး..

Rewrite the StarsWhere stories live. Discover now