အခန်း / ၄၉(z&u)

687 70 12
                                    

""""""""""""""""""""""""

"""""""""""""""""""

ပြန်ရောက်လာခဲ့ရပြန်တဲ့အိမ်လေးကိုလှည့်ပတ်ကြည့်မိရင်း ထိုင်ခုံတစ်ခုအပေါ်မှာ လျော့ရဲရဲထိုင်ချမိတယ်...

ခေါင်းထဲမှာကတော့ Krist ပြောခဲ့တဲ့စကားတွေကိုပဲအထပ်ထပ်တွေးနေမိဆဲ...

"ခင်ဗျားရဲ့အပြစ်တွေကိုကျေအောင်ပြန်ဆပ်ဖို့နည်းလမ်းရှာထား...''

Krist ရဲ့အကြည့်တွေကရက်စက်တယ်..
စကားနဲ့အပြုအမှုတွေကပိုရက်စက်သေးတယ်...

ခင်ဗျား ဆိုတဲ့စကားကိုပဲလှိုင်လှိုင်သုံးပြီး
သူ့နှလုံးသားကိုထိတ်လန့်စေတယ်.....
ကိုကို.....

အဲ့ဒီခေါ်သံ
အဲ့ဒီနာမ လေး..
သူဒီတစ်သက်ကြားရနိုင်ပါဦးမလား..
သူလုပ်ခဲ့တဲ့အမှားတွေကို Krist သိသွားပြီဆိုမှတော့
သူ့ကိုဒီတစ်သက်ခွင့်လွှတ်ပါဦးမလားလေ....

ကြောက်တယ်...
Krist ရဲ့ဒီပုံစံကိုသူတကယ်ကြောက်တယ်.....
သူတို့ပြန်တွေ့စကတောင်မှ ကြည်ကြည်သာသာနဲ့ ဟန်ဆောင်ပန်ဆောင်မရှိတဲ့ကောင်လေးက...
အခုတော့ ခနဲ့တဲ့တဲ့အကြည့်တွေ
မထီတရီအပြုံးတွေ
ဂျွတ်ဆတ်ဆတ်အပြုအမှုတွေနဲ့
.....

ထားပါတော့....
ဒါက အပေါ်ယံလေးပဲရှိပါသေးတယ်..သူကဒီထက်ပိုပြီးနာကျင်ခံစားသင့်တာပါ
ဒီလောက်လေးနဲ့သွေးပျက်ဖို့မသင့်ပါဘူး..
တကယ်လို့ Krist ကသာ သူ့အသက်ကိုလိုချင်ပါတယ်ဆိုရင်တောင် ပေးဖို့အသင့်ဖြစ်နေသင့်တာပါ...

ခုလောလောဆယ်တော့...
သူ့အပြစ်တွေကိုနည်းနည်းပဲဖြစ်ဖြစ်
ကျေသွားအောင်ဘယ်လိုပြန်ပေးဆပ်မလဲဆိုတာကိုပဲစဉ်းစားရမှာ....

သူဘယ်လိုလုပ်ရင်
Krist ကခွင့်လွှတ်ပေးနိုင်လိမ့်မလဲ...

"""""""""""""""""""""

အရှူံးသမား....
ထိုစကားကသူနဲ့အလိုက်ဖက်ဆုံးပဲဖြစ်လိမ့်မည်
နောက်တစ်ခါအခွင့်အရေးရခဲ့တာတောင်မှ
ရှူံးခဲ့တယ်...

အဲ့ဒီ Singto ဆိုတဲ့မကောင်းဆိုးဝါးထက်
သူကဘယ်နေရာမှာများနောက်ကျကျန်နေခဲ့သလဲ...
Kit ရဲ့မျက်လုံးထဲမှာ သူက မြင်လောက်စရာမဟုတ်ခဲ့ပေ....

Rewrite the StarsWhere stories live. Discover now