အခန်း /၂၅(z&u)

921 90 25
                                    


""""""""""""""""""""""

ကျောက်ဖယားမြစ်ကိုဖြတ်တိုက်လာသည့်လေသည် အေးမြလတ်ဆတ်လွန်းသည်

အနံ့ပေါင်းစုံရောပြွန်းနေတဲ့
နွေးထွေးတဲ့လေထုကိုသာ အမြဲတစေရှူရှိုက်ခဲ့ရလို့လားမသိ...

သစ်ပင်တွေရဲ့ရနံ့တွေပါဝင်နေတဲ့
လေအေးအေးက နောက်ကျိနေတဲ့စိတ်ကိုအနည်းငယ်တော့ကြည်လင်သွားစေသယောင်...

" ဒီနေရာကိုမကြာခဏလာသင့်တယ်ထင်တယ်..ကျွန်တော်ကြိုက်တယ်...''

"ဆရာဝန်ကမင်းကိုများများအနားယူဖို့ပြောထားတယ်...မင်း သွားချင်ရင် Krabi ဘက် ခရီးထွက်ကြမလား..''

နှစ်ယောက်အတူ ကားကိုမှီထားကြတာမို့
သူစောင်းကြည့်လိုက်တော့
Phi လည်းမြစ်ရေပြင်ကိုသာငေးကြည့်နေလေတယ်...

"Phi...အရမ်းပင်ပန်းတယ်မလား...
ကျွန်တော်နဲ့အတူရှိနေပေးရတာကလေ..''

"အပိုတွေ...''

တမင်သက်သက် နူတ်ခမ်းကို ရွဲ့ပြလိုက်ပြီး Kit ရဲ့လက်မောင်းကိုလက်သီးနဲ့အသာထိုးလိုက်တယ်..

"နာတယ် Phi ရ...''

အမူပိုစွာပြောခြင်းဖြစ်ပေမယ့်
တကယ်နာသွားမလားစိုးရိမ်မိတာတော့အမှန်...

ပိုးမွေးသလိုမွေးခဲ့ရခြင်းတော့မဟုတ်ပေမယ့် အရိပ်တကြည့်ကြည့် တော့လုပ်ခဲ့ရတာအမှန်ပါပေ...

အသက်ကြီးမှရခဲ့တဲ့ညီငယ်လေးပဲမလား..

တစ်ခါတစ်ခါတော့သူတွေးမိတယ်
သူသာမွေးစားမခံခဲ့ရရင် Kit နဲ့တွေ့နိုင်ခဲ့ပါ့မလားလို့...

အသက်ကြီးမှမွေးစားခံရတယ်ဆိုတာ
သူတို့ဂေဟာမှာရှားပါးအဖြစ်အပျက်ပဲ..
ဘာကိုကြည့်ပြီးယုံကြည်ခဲ့ကြမှန်းမသိပေမယ့် Kit ကိုညီငယ်လေးတစ်ယောက်လိုစောင့်ရှောက်ဖို့ ယုံယုံကြည်ကြည်ပဲအပ်နှံခဲ့ကြတယ်..

နောက်ထပ်ရောက်လာခဲ့တာက
Singto...

ကိုယ်နဲ့လည်းအရွယ်တူမို့ ဘာမှတော့သေချာဂရုမစိုက်ပေးဖြစ်ခဲ့..

နောက်ပြီး
Kit ဆိုတဲ့လူဆိုးကောင်လေးက
Sing ကြောင့်နဲ့လိမ်မာသွားခဲ့တာက
ကောင်းမွန်တာပဲမလား...

Rewrite the StarsKde žijí příběhy. Začni objevovat