အခန်း/၅၆(unicode)

952 44 37
                                    

""""""""

ပြန်ရောက်လာထဲက အများကြီးပြုံးနေပြီး ပိုပိုပျော်နေပုံရတဲ့ Phi Sing ကခုလည်း ပန်းတွေကိုကြည့်ရင်းနဲ့ ကျေကျေနပ်နပ်ကြီးပြုံးနေပြန်တယ်
Phi Kit နဲ့  London ကိုလိုက်သွားပြီးတော့ အချိန်ကောင်းလေးတွေရှိခဲ့တဲ့ပုံပါပဲ....တကယ်လည်း သူတို့နှစ်ယောက်အတွက် ပြန်ပြီးအဆင်ပြေဖို့အချိန်ကျပြီလို့ထင်တယ်..
Phi Sing လည်းသူချစ်တဲ့သူနဲ့အချိန်တွေအကြာကြီးခွဲနေရပြီး နာကျင်ခဲ့ရပြီးပြီပဲ

သူတို့အဆင်ပြေနေတာတွေ့ရတော့
Austin လည်းစိတ်ချမ်းသာရတာပါပဲ..
သူကိုယ်တိုင်အတွက် အများကြီးနာကျင်ရပြီးပေမယ့်သူချစ်ခင်ရတဲ့သူတွေအတွက်လည်း မုဒိတာပွားပေးနိုင်ပါတယ်...

" ငါ မင်းတို့နှစ်ယောက်ကိုပြောစရာရှိတယ်....ခဏလောက်လာထိုင်ကြဦး...''

စိုက်ပျိုးပြီးစ Lily ပန်းပင်တွေရဲ့နားမှာ ဖင်ချထိုင်လိုက်ရင်းနဲ့ Austin နဲ့ Joe ကိုလှမ်းခေါ်လိုက်တယ်....
ရေပိုက်ဆင်နေကြတဲ့အလုပ်သမားတချို့နဲ့ အလုပ်ရှုပ်နေကြတဲ့ Austin နဲ့ Joe ကသူ့စကားကိုကြားတာနဲ့ သူ့နားမှာပဲသူ့နည်းတူထိုင်ချလိုက်ကြတယ်....

" ငါ.......Bangkok အိမ်မှာပဲ သွားနေတော့မလို့...''

"ဘာရယ်....''

Joe ရဲ့ အလန့်တကြားအော်လိုက်သံကြီးက Sing နဲ့ Austin ရဲ့နားတောင်ကန်းသွားတော့မလိုပဲ..

Christmas ပြီးထဲကသူတွေးနေတဲ့ကိစ္စလေးတစ်ခုကိုဒီနေ့မှာတော့ဆုံးဖြတ်ချက်ချလိုက်ပြီးပြီဖြစ်တယ်...
Bangkok နဲ့ Khoa Yai ကသိပ်မဝေးဘူးဆိုပေမယ့် နေ့တိုင်းကူးသန်းနေဖို့အတွက်က အရမ်းကြီးအဆင်ပြေနေတာတော့မဟုတ်ဘူး....
ဒီကစိုက်ခင်းတွေကသူမရှိလည်းအားလုံးကအဆင်ပြေနေပြီး စီမံခန့်ခွဲဖို့ကလည်း Austin နဲ့ Joe လည်းရှိနေပြီမို့မျက်နှာလွဲထားလို့ရပြီ....

အခုချိန်က ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုအစပြုဖို့အချိန်ကောင်းပဲလို့သူထင်တယ်...
သူက အခု Krist ကိုပြန်လိုက်နေရတဲ့အခြေအနေလေ..
ပန်းခင်းလေးတစ်ခုပိုင်ထားရုံနဲ့ ကုမ္မဏီအကြီးစားကြီးတစ်ခုကိုပိုင်ဆိုင်ထားတဲ့ Krist ကိုလိုက်ပိုးပန်းနေဖို့က သူ့အတွက်နည်းနည်းတော့ရှက်စရာကောင်းတယ်...
အဲ့ဒါကြောင့် အသေးစားချေးငွေလုပ်ငန်းလေးနဲ့စဖို့အတွက် လိုအပ်တာတွေပြင်ဆင်ရတော့မယ်...

Rewrite the StarsWhere stories live. Discover now