အခန်း / ၃၀(z&u)

1K 98 20
                                    

""""""""""""""""""""""

"Krist ထတော့....''

သူ့မှာရေလည်းချိုးပြီးပြီ...မနက်စာလည်းစားပြီးပြီ...
Company သွားဖို့လည်းပြင်ဆင်ပြီးနေပြီ...

ဒီကောင်လေးကတော့ တစ်ရက်လုံးအိပ်ဖို့များစဉ်းစားထားလေသလား...

"Krist....ထတော့လေကွာ.. ကိုယ် ဒီမနက် meeting ရှိတယ် .ကိုယ်အလုပ်နောက်ကျတော့မယ်.....ထတော့နော်...''

"ကိုကို သွားနှင့်လိုက်...ကျွန်တော့ဟာကျွန်တော်ပဲသွားလိုက်မယ်...''

နိုးနေတာကိုတောင် မထချင်သေးတဲ့
ကောင်လေး..
ညကတော့
!! အလုပ်ကိုအတူသွားရအောင်နော် !!
တဲ့...
သွားရမယ့်လမ်းကတစ်လမ်းစီဖြစ်နေတာတောင်မှ...

"ထပါကွာ...သူဋ္ဌေးဖြစ်ပြီး အလုပ်ကိုနောက်ကျမှရောက်တာ မကောင်းဘူးနော်...ဝန်ထမ်းတွေက မလေးစားပဲနေလိမ့်မယ်...''

"ကျွန်တော့ကိုဘယ်သူကပြောရဲမှာလဲ..
ကျွန်တော်က သူဋ္ဌေးပဲကို...''

အဲ့လိုပြောပေမယ့်လည်း ကျုံးထလာတဲ့ကောင်လေးဟာ မျက်လုံးမပွင့်တပွင့်နဲ့...

လက်ဖဝါးနဲ့ကာပြီး သန်းဝေနေတာတောင်မှ ချစ်စရာကောင်းနေရော...

" ရေသွားချိုးတော့..ကိုယ် အဝတ်အစားတွေထုတ်ထားပေးမယ်..
Krist ကို company ဝင်ပို့ပေးထားခဲ့မယ်လေ...ပြီးရင် နေ့လည်စာလည်းအတူစားမယ်...
ဟုတ်ပြီလား...''

"ကိုကို meeting ရှိတယ်ဆို...ကျွန်တော့ကိုပို့ပေးနေရင်နောက်ကျသွားမှာပေါ့...''

ရှူံ့မဲ့မဲ့လုပ်ရင်းပြောနေပုံက....

အား...
ဒီကလေး အရင်ကလည်းဒီလိုပဲချစ်စရာကောင်းခဲ့လား...

ဟုတ်တယ်ဆိုရင်တောင် သူက ဘာလို့အခုမှသိရတာလဲ...

"သွားပါ...နောက်ကျလည်းနောက်ကျပေါ့...Krist ရေချိုးမှာနဲ့ မနက်စာစားမှာနဲ့...
အချိန်ဆွဲနေရင်ပိုနောက်ကျတော့မှာ...''

"Ok...Ok..သွားပြီ....''

ပြောရင်းနဲ့ ကုတင်ပေါ်ကခပ်မြန်မြန်ဆင်းတဲ့ ကလေးဟာ ခြေထောက်ယိုင်ပြီး လဲကျတော့မလိုဖြစ်သွားလိုက်သေး..

ဖမ်းထိန်းပေးလိုက်ပြီးမှ သက်ပြင်းချရတယ်...

ဒီလိုပြာကလပ်စိန်လေးမှန်းလည်း
သူမသိခဲ့ရ...

Rewrite the StarsWhere stories live. Discover now