Chapter 5 (ZawGyi)

Começar do início
                                    

ဒါပေမယ့် သေချာတာကတော့ ယို့ရီဟာ အဲ့လို လူတန်းစားမဟုတ်တာပဲ။

အလုပ်ရှုပ်တဲ့နှစ်ပတ်ကုန်သွားတဲ့နောက် ရှောင်းကျန့်ဆီ ဖုန်းဝင်လာခဲ့တယ်။ ညစာအတူတူစားဖို့ လှမ်းမေးတာရယ်၊ ပြီးတော့ ဖိနပ်ပြန်ပေးချင်တယ်ဆိုတဲ့ အကြောင်းရယ်။

ဒလီကြေးပေးပြီး ယူရမယ့် အထုပ်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ညကြီးသန်းခေါင် အတူတူနားထောင်ခဲ့တဲ့ အချစ်သီချင်းတွေပဲဖြစ်ဖြစ် ဒါမှမဟုတ် မလိုချင်တော့ပါဘူးလို့ ပြောခဲ့ပြီးသား ဖိနပ်တစ်ရံကို အတင်းပြန်ပေးချင်တဲ့ ဇွဲပဲဖြစ်ဖြစ် ဒီလူရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲဆိုတာ သိသာထင်ရှားနေတာပဲ။ ပြီးတော့ ရှောင်းကျန့်က ဒါကို ဘယ်လိုမှ လျစ်လျူရှုထားလို့ မရပြန်ဘူး။

[ဒီအပတ် ပိတ်ရက် ညစာ အတူတူ သွားစားရအောင်လား?]

ဗုဒ္ဓဟူးနေ့ ညနေမှာ ဝီချက်ကနေတဆင့် ရှောင်းကျန့် ဒီစာကို ရခဲ့ခြင်းဖြစ်တယ်။ ဒီလူက လူတစ်မျိုး။ စာတွေ အများကြီးသာပို့တာ ဖုန်းနဲ့တော့ ဘယ်တော့မှ တိုက်ရိုက် မခေါ်ဘူး။ တခုခုကို တည့်တိုးပြောဖို့ထက် ဝေ့လည်ကြောင်ပတ် လုပ်နေတတ်တာမျိုး။

ရှောင်းကျန့်က ငြင်းဖို့ ပြင်ပြီးသား။ တခြား အကြောင်းပြချက်လည်း ထူးထူးခြားခြား ရှာမနေဘူး။ ကိစ္စရှိတယ်ဆိုပြီး တခါတည်း ငြင်းပစ်ဖို့ပဲ။

ဒါပေမယ့် ဝီချက်ကို ဖွင့်လိုက်တာနဲ့ နောက်ထပ် စာတိုတစ်စောင် ရောက်နေတာ တွေ့လိုက်ရတယ်။ အလုပ်ရှုပ်နေတဲ့အချိန် စိတ်ရှုပ်စရာတွေ တခုပြီး တခု ကြုံရသလိုမျိုး။ ရည်းစားဟောင်းက ညစာအတူတူစားဖို့ မေးနေတဲ့အချိန် တခြားတစ်ယောက်ကလည်း စာပို့လာပြန်တယ်။

[လောင်ရှီ တရုတ်ကို စီစီနဲ့အတူ ပြန်လာတယ် သူတို့ မင်္ဂလာပွဲအတွက်]

ရှောင်းကျန့် အဲ့ဒီ့စာကို စိုက်ကြည့်နေမိတယ်။ နောက်ထပ် ဘာစာများ ထပ်လာဦးမလဲအထင်နဲ့။ ဒါပေမယ့် အကြာကြီး စောင့်ပြီးတဲ့နောက် ဝမ်ရိပေါ်ဆီက ဘာစာမှ ထပ်မလာခဲ့ဘူး။ နည်းနည်း စိတ်တိုလာသလိုပဲ။ အခုချိန် စိတ်အခြေအနေဟာ အပြင်က ရွာနေတဲ့ မိုးလိုပဲ။ သည်းနေတာမဟုတ်သလို တိတ်သွားတာလည်း မဟုတ်ပြန်ဘူး။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Onde histórias criam vida. Descubra agora