The Undeniable Truth Of The Future.

Start from the beginning
                                    

"ဘာကြောင့်လဲ?အဲဒါက ဘယ်နားမှာလဲ?" သူမ သိချင်စိတ်ပြင်းပြစွာ မေးတယ်။

"ဒီမှာလေ"သူက သူ့ခေါင်းကို လက်ညှိုးဖြင့် ထိုး
ပြလေသည်။

"ဟုတ်လား? ဒါဆိုရင် အစ်ကိုက ဒါကို ကိုယ့်ဟာကိုယ် လုပ်ခဲ့တာပေါ့၊အစ်ကို....."သူမက ကူရှင်ကို သူရှိတဲ့ နေရာအား ပစ်၍ သူ့မျက် နှာကို ရိုက်လေတယ်။

"Ouch.ငါ့ရဲ့ ကြည့်ကောင်းလှတဲ့ မျက်နှာလေး..အ့ဲဒါက နာတယ်ကွ....အား" နာကျင်နေသလိုမျိုး သူက ဟန်ဆောင်နေ၏။

"အိုက်တင်တွေ ပိုနေတာ ရပ်လိုက်တော့၊ပြဇာတ်ဘုရင်မရဲ့" သူမ တစ်ခြား ကူရှင်ကို သူ့ထံ ထပ်ပစ်လိုက်ပြန်သည်။

"ဒါကြောင့် မင်းရဲ့ ဇာတာခွင်ကို ရှာနေခဲ့တာပဲ"သူက ကျယ်လောင်စွာ ရယ်မောကာ ဆက်ပြောလေ၏။

"နှစ်တွေ အများကြီး ကြာပြီးကာမှ ဒီမြို့မှာ ငါတို့ လျှောက်လည်ကြတာလေ ပြီးတော့ ငါက မင်းကို စိတ်လှုပ်ရှားစေချင်တာ၊ မင်းရဲ့ အပန်းဖြေ​ေနတောကို မြင်ရတော့ ငါလည်း သည်းမခံနိုင်တော့ဘူး ဒါကြောင့် ငါ တစ်စုံတစ်ခုလုပ်ဖို် စီစဥ်လိုက်တော့တာ"သူက ထပ်ရယ်ပြန်ပြီး သူ့ရဲ့ အောင်မြင်မှုကြောင့် ပျော်ရွှင်နေတော့တယ်။

"အစ်ကိုယန်က တကယ်ကို ကလိမ်က ကျစ်ကျတာပဲ"သူမက ပြောရင်း ဆိုဖာတွင် ကျောမှီ ထိုင်လိုက်ကာ အစာအိမ်တွင် သူမလက်ကို ဖိတင်ထားလေသည်။

"မင်း ဒီလို တုံ့ပြန်ပုံအရဆိုရင် တကယ်မှန်သွားတာပေါ့၊ငါ့စကားလုံးတွေက မှန်သွားတယ်လို့ ငါထင်တယ်၊တစ်ခုခုများ ဖြစ်ခဲ့လို့လား?တစ်ယောက်ယောက်က မင်းဆီကနေ တစ်ခုခု ခိုးသွားတယ်မလား?"

"ရပ်လိုက်တော့" သူမ စိတ်အနှောင့် အယှက်ဖြစ်စွာ ပြောလေ၏။

"ဖြစ်နိုင်ချေ ရှိတာကို ငါပြောမယ်၊မင်းက ဓမ္မတာ လာနေပြီး အဲ့ဒါကို ရှာတွေ့သွားတဲ့ တစ်ယောက်က မင်းရဲ့ လစဥ်သုံးပစ္စည်းကို ခိုးသွားတယ်"ကျန်းယန်က ရယ်မောနေရင်း ပေါ့ပါးစွာ စနောက်နေတယ်။

"တစ်ယောက်ယောက်က ဘာကြောင့် ငါ့အိတ်ထဲကနေ လစဥ်သုံးပစ္စည်းကို ခိုးမှာလဲ?အစ်ကို ယုတ္တိတန်အောင် မပြောနိုင်ဘူးလား?"

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now