Feeling Like To Kill You....

Start from the beginning
                                    

မိန်းကလေးက စိတ်အနှောင့်အယှက် ဖြစ်နေပုံပေါ်နေသော်လည်း ယောကျာ်းလေး၏မျက်နှာတွင်တော့ ကြီးမားသော အပြုံးတစ်ခု ရှိနေလေသည်။လုချောင် သူတို့ကို စိုက်ကြည့်နေမှန်း နှစ်ယောက်လုံးက သတိထားမိသွားသည့်အတွက် လုချောင်က သူတို့ကို ပေါ့ပါးတဲ့ အပြုံးလေးတစ်ခုဖြင့် ကမ်းလှမ်းကာ ရောက်လာသော ကားထဲသို့ ဝင်လိုက်တော့၏။

_ _ _ _ _ _ _ _ _

ကျန်းယွီယန်သည် တစ်ဖက်လမ်းမှ ဆိုင်ထဲမှာရှိတဲ့ ဖက်ရှင်မယ် အရုပ်ပေါ်က ဝတ်စုံကို ကြည့်ရှုနေသည်။သူတို့ နေ့လည်စာ စားပြီးလို့ အပြင်ကို    ထွက်လာကတည်းက သူမ ဒါကိုပဲ ကြည့်ရှုနေခဲ့သည်။

"အဲ့ဒါကို ကြည့်မနေနဲ့ မင်းအတွက် မဟုတ်ဘူး"သူ့မျက်လုံးတွေက ထိုဝတ်စုံကို စူးစိုက်ကြည့်ရင်း ကျန်းယန်က ထုတ်ဖော်ပြောလာ၏။

"ဘာကြောင့်လဲ?" သူမက ဝတ်စုံကို ဆက်ကြည့်နေရင်း မေးလေသည်။

"ဒီဝတ်စုံက C's နဲ့ D's ရှိတဲ့ မိန်းကလေးတွေ အတွက်ပဲ။မင်းကတော့ B's ထက် မပိုဘူးနော်"ကျန်းယန်က သူမ၏ရင်ဘက်ကို တစ်သမတ်တည်း စိုက်ကြည့်၍ ဖြေ၏။

သူကြည့်နေသောနေရာနှင့် သူဆိုလိုသော အကြောင်းအရာကို သတိပြုမိပြီး သူမ မျက် မှောင်ကြုံ့သွားတော့သည်။"အစ်ကို..."ထင်တဲ့အတိုင်းပဲ ဘယ်မိန်းမမဆို ဒီကိစ္စနှင့် ပတ်သက်လျှင် ဆတ်ဆတ်ထိမခံနိုင်ကြသလိုမျိုး သူမစကားလုံးတွေလည်း ပျောက်ရှသွားလေသည်။

"ငါ့စကားလုံးတွေက အမှန်တွေချည်းပဲ"အပြုံးတစ်ခုနှင့် သူမ၏ တုံ့ပြန်မှုကို ကြည့်လာ၏။

"အစ်ကိုသိလား?ငါ့အစ်ကို ဖြစ်နေတာတောင်မှ အစ်ကို့ကို ငါ့ရဲ့လက်ဗလာနဲ့ သတ်လိုက် မိတယ်လို့ ခံစားရတယ်။အစ်ကို့ညီမကို ဒီလိုမျိုး ဘယ်လိုတောင် ပြောနိုင်ကတာလဲ?"သူမ မျက်လုံးတွေက သတ်လိုတဲ့ရည်ရွယ်ချက် အပြည့်နဲ့ ဖြစ်နေလေပြီ။

"မင်းက ငါ့ညီမ ဟုတ်ဟုတ် မဟုတ်ဟုတ် ဒါက အရေးကြီးတာမှ မဟုတ်တာ။ငါက ဆရာဝန်ပြီးတော့ ငါ့အတွက် သဘာဝကျတဲ့ တစ်ခြားလူတွေရဲ့ကိုယ် အကြောင်းပြောနေတာ။အကောင်းဆုံးအပိုင်းကို မင်းသိလား?"သူက မေး၏။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now