You Are Crushing My Grandpa's Dream...

Start from the beginning
                                    

"မင်းလိုချင်တာ ရှိလား" ကျန်းယန် က စားသောက်ဖွယ်စာရင်းကို ကြည့်ရင်း မေးသည်။

"တစ်ခုခုပေါ့! ညီမလေး ဆာလောင်တာကို မတွေးနိုင်တော့ဘူး အစ်ကို မှာချင်တာသာ မှာလိုက်တော့"

"အိုကေ!"

"အစ်ကိုယန် ညီမ သန့်စင်ခန်း သွားဖို့ လိုတယ်" သူမက ပြောသည်။

"သွားလေ မင်းက ငယ်တော့တဲ့ မိန်းကလေးမှ မဟုတ်တာ အစ်ကို မင်းလက်ကိုကိုင်ပြီး အိမ်သာကို လမ်းညွှန်ဖို့လိုသေးလား?"ကျန်းယန်က စားသောက်ဖွယ်စာရင်းကိုသာ ကြည့်နေသော်လည်း သူ့မျက်နှာတွင် စနောက်လိုသော အပြုံးတစ်ခု ရှိနေသည်။

ကျန်းယွီယန် က မယုံကြည်နိုင်ပဲ ည ည်းညူသည် "အစ်ကို တစ်ခါလောက် တည်ကြည်လေးနက်လို့ မရဘူးလား?"သူမက မျက် မှောင်ကြုပ်၍ မေး၏။

"တည်ကြည်လေးနက်တာ?အိုကေ ဒါဆို အစ်ကို မင်းကို အဲ့နေရာ ခေါ်သွားမယ် ထ။"သူက ထရပ်ဖို့ ပြင်ဆင်ရင်း ပြောလေသည်။

"အစ်ကိုက မဖြစ်တော့ဘူးပဲ"သူမက စိန်းစိန်းဝါးဝါးကြည့်၏။

"ငါသိတယ်"သူမ၏ စိတ်အနှောင့်အယှက်ဖြစ်နေသော အမူအရာကို မြင်ပြီးနောက် ဝမ်းသာ၍ ပြုံးလိုက်သည်။

ကျန်းယွီယန်က မတ်တပ်ရပ်လိုက်ပြီး သန့်စင်ခန်းသို့ ခြေလှမ်းပြင်းပြင်း လျှောက်သွားတော့၏။

ကျန်းယန်သည် ဒေါပွပြီး အဝေးသို့ လျှောက်သွားသော သူ့ညီမကို ကြည့်နေခဲ့သည်။သူ့မျက်လုံးများတွင် အချစ်နှင့်နွေးထွေးမှုများ ပြည့်နှက်နေကာ နှစ်လိုဖွယ် အပြုံးက သူ့မျက်နှာတွင်ရှိနေ၏။"ချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက် ရှိတာထက် ဘယ်အရာမှ ကံမကောင်းဘူး ပြီးတော့ သူမကို စိတ်အနှောင့်အယှက်ပေးရတာလောက် ဘယ်အရာမှ စိတ်လှုပ်ရှားစရာမကောင်းဘူး။" သူက တတွတ်တွတ် ပြောနေလေသည်။

ကျန်းယွီယန် ဖြတ်လျှောက်သွားချိန်တွင် စားပွဲထိုးများသည် လျှောက်လမ်း၌ ပစ်စည်းများကို ဘီးတပ်တွန်းလှည်းဖြင့် ရွှေ့နေကြသည်။သူတို့က တွန်းလှည်းကို သန့်စင်ခန်းနားတွင် ထားခဲ့ကြသ​ဖြင့် သူမအစ်ကိုကို ကျိန်ဆဲ၍ ဖျက်လက်သွက်စွာ လျှောက်လာလေသည့် ကျန်းယွီယန်သည် ပြည့်သိပ်ထည့်ထားသော ဘီးတပ်တွန်းလှည်း၏ အောက်ခြေတွင် အဝတ်အပိုင်းအစလေး ထွက်နေတာ သတိပြုခဲ့ချင်းမရှိပေ။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now