A Gift from Grandpa Lu...

Start from the beginning
                                    

လူတိုင်းက အထဲသို့ ခြေလှမ်းလှမ်းလိုက်ကြသည်။အခန်းက ကျယ်ဝန်းပြီး အခန်းထဲရှိ မှန်ထည်ပြတင်းပေါက်ကိုဖြတ်၍ ထွက်လာသော အလင်းရောင်နှင့် တောက်ပနေသည်။အခန်းကို အဖြူရောင်ဆေးချယ်ထားပြီး လိုသည်ထက်ပိုသော အရောင်များဖြင့် ပြည့်နေသော နံရံတစ်ဖက်ကို ဖုံးအုပ်ထားသည် ကြီးမားသော နံရံကပ်စင်ကြီး တစ်ခုရှိသည်။အခန်းတွင် ကင်းဗတ်စများ တွဲချည်ထားသည့် သစ်သားစင် အမျိုးမျိုးရှိပြီး သူမရဲ့ ဖန်တီးမှုကို အထောက်အကူပြုသည့် ဆက်စပ်ပစ်စည်း အမျိုးအစားများ အားလုံးရှိသည်။တစ်ဖက်က နံရံတွင် ကြမ်းပြင်မှ မျက်နှာကျက်ထိ ဖုံးအုပ်ထားသည့် မှန်ထည်ပြတင်းပေါက်သည် အပြင်ဘက် မှ ထူးကဲသော မြင်ကွင်းတစ်ခုကို ပေးနေသည်။မှန်ထည်၏ တစ်ခြားတစ်ဖက်တွင်  မြင်ရသည့် အလှဆင်ထားသော သစ်ပင်များက  အခန်းကို ဒေသတစ်ခုအတွင်း ပေါက်ရောက်သည့် အပင်များ နှင့် တိရိစ်ဆာန်များ၏ အရသာခံနိုင်စွမ်းများအား ပေးနေသည်။ဒါက ပြည့်စုံလွန်းသည် မည့်သည့် ပန်းချီ အနုပညာရှင်မဆို ဒါကို ချစ်ကြလိမ့်မည်။
(T/N: ကိုယ် အပေါ်ကအပိုင်းတွေမှာ သေချာမကွဲပဲ မှန်ထည်ကို ဖန်ထည်လို့သုံးမိတာတွေရှိပါတယ် အဓိပါယ်တူပေမယ့် မှန်ထည်က ပိုမှန်လိမ့်မယ်ထင်ပါတယ် Sorryပါနော် ဒီအပိုဒ်ရဲ့အောက်နားလေးကိုတော့ ပြန်သာပြန်လိုက်တယ် ကိုယ်လည်း သိပ်နားမလည်ဘူး)

Jiang Yuyan သည် ထူးချွန်သော ကျောင်းသူတစ်ယောက်ဖြစ်သည်။ပညာရပ်ဆန်သည့် အကဲစမ်းသော ဆေးဝါး နှင့် အင်ဂျင်နီယာ ပညာကို သူမ သွားနိုင်သည့်ကာလတွင် သူမကတော့ ပန်းချီဆွဲဖို့ ရွေးချယ်ခဲ့သည်။

သူမငယ်ရွယ်စဥ်အခါက အနုပညာ  အရည်အသွေးရှိသော ယဥ်ကျေးမှုများ အတွက် ကျော်ကြားသည့် ဂရိ၊ပြင်သစ်၊အီတလီ နှင့် အခြား ဥရောပ စသည့် မတူညီသော နိုင်ငံများကို သူမမိဘများနှင့် လှည့်လည်သွားလာခဲ့သည်။ရိုးရာပုံပြင်များ၏ လှပသော ပန်းချီများက သူမကို ဖမ်းစားခဲ့သည်။

သူမ ခရီးသွားခြင်းမှ ရရှိလာသော အတွေ့အကြုံများကို ပန်းချီဆွဲသည့် ပတ်တူစ တွင် မှတ်ကျောက်တင်ဖို့က သူမအိမ်မ က်ဖြစ်သည်။သူမက တစ်ကမ်ဘာလုံး၏ အတွေ့အကြုံများကို လိုချင်သည်။နေရာအတော်အများကို သူမသွားခဲ့ပြီး ဂရိနိုင်ငံကို အကြိုက်ဆုံးဖြစ်ကာ တစ်နေ့တွင် အခြ ချနေထိုင်ရန် သူမက ဆန်ဒရှိခဲ့သည်။နယူးယောက်တွင် သူမ ရှိခဲ့စဥ်က မတူညီသော ပန်းချီပညာရှင်များ၏ အနုပညာပြပွဲများတွင် သူမ အမြဲ ကုန်ဆုံးလေ့ရှိသည်။အလယ်အလတ် သက်မွေးမှု လုပ်ငန်းများနှင့် ပန်းချီပညာရှင်များကို တည်ထောင်​ခြင်း အခွင့်အရေးများကို စီစဥ်ပေးထားသော အမြတ်အစွန်းမရှိ အနုပညာတစ်ရပ်အတွက် အသုံးပြုသည့် အခန်းကျဥ်း "ပန်းချီစင်တာ"သည် သူမအကြိုက်ဆုံးနေရာ ဖြစ်သည်။

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now