- Epilogue -

7.9K 916 139
                                    

[ Zawgyi ]

အိပ်ယာထနောက်ကျ၍ ကုမ္ပဏီသို့
ကတိုက်ကရိုက်သွားရသောနေ့တွေနဲ့
ညဥ့်နက်မှအိပ်​ရသောညပေါင်းများစွာကို
သူတို့နှစ်ယောက်အတူတူဖြတ်ကျော်ခဲ့ပြီးပြီ
ဖြစ်သည်။

စာရင်းတွေအမြဲတမ်းမှား​သောBaekyun
ကြောင့် Chanyeolမှာဘောပင်တစ်ချောင်း
ကိုင်ပြီး ပြင်ရတဲ့စာရင်းစာရွက်​တွေက
အဘိဓာန်တစ်အုပ်နီးပါးပင်ရှိသည်။

တစ်ခါတလေမီးဖိုချောင်ထဲမှာဟင်းအိုး
မီးပလပ်ကိုတပ်ထားကာမေ့နေပြီး
ဧည့်ခန်းထဲမှာTVထိုင်ကြည့်နေတတ်သော
Baekhyun ကြောင့် ဝိုင်ယာရှော့တွေ
ခဏခဏဖြစ်သလိုChanyeolလည်း
တစ်ယောက်တည်းကြိတ်ပြီးမီးငြှိမ်းရတာ
အခေါက်ပေါင်းမရေတွက်နိုင်။

ဂိမ်းဆော့တာကိုဝါသနာမပါပေမယ့်
Chanyeolက သူများတွေဆီကနေ
ဂိမ်းဆော့နည်းတွေသင်ပြီး
Baekhyun Levelတက်ဖို့အတွက်
ကူဆော့ပေးတတ်သည်။

ချည်ထည်တွေသိုးမွေးအထည်တွေကို
ထိုးချင်ပါတယ်ဆိုပြီးတစ်စခန်းထလာတဲ့
အချိန်တုန်းကလည်းBaekhyunကိုယ်တိုင်
တစ်လတိတိထိုးပေးသော မာဖလာလေးကို
နေပူပူမိုးရွာရွာနှင်းကျကျ Chanyeolက
လည်ပင်းမှာမချွတ်တမ်း မော်ကြွားစွာ
အမြဲတမ်းဝတ်ထားတတ်သည်။

Chanyeolရဲ့သဲကဲမှုတွေကြောင့်
ကုမ္ပဏီကသူတွေထဲမှာ မာဖလာကိုခိုးပြီး
ဖွက်ထားချင်တဲ့သူတွေတောင်ရှိလေသည်။

အစည်းအဝေးအခန်းထဲမှာဆိုရင်လည်း
Baekhyun မျက်နှာကိုပေါ်တင်ကြည့်တာ
တစ်မျိုး၊ခိုးကြည့်တာတစ်မျိုး အရိပ်တကြည့်ကြည့်
လုပ်တတ်တာကြောင့် ကြာလာတော့
လုပ်ကိုင်ဖော်ဖက်တွေလည်းမြင်ပြင်းကပ်လာကြသည်။

နှစ်ယောက်တည်းအတူရှိတဲ့အချိန်တွေဆိုရင်
များသောအားဖြင့်Baekhyunက
မောင်ဆိုပြီးခေါ်ပြီးChanyeolရဲ့
ရင်ခွင်ထဲတိုးဝင်နေတတ်တာများသည်။

တစ်ခါတလေကျရင်တော့
နို့မှုန့်တွေကိုအများကြီးဖျော်ကာနို့ဘူးထဲထည့်၊ Chanyeolကိုသူ့ရင်ခွင်သေးသေးလေးထဲမှာ
အိပ်စေပြီး သားလေးသားလေးဆိုပြီး
လုပ်တတ်သေးသည်။

သူဌေးဖြစ်လိုက် ကလေးဖြစ်လိုက်နဲ့ဘဝက
လွယ်လွယ်ကူကူတော့မဟုတ်၊၊
Baekhyun ကပျင်းလာတဲ့အခါ
သားအဖလုပ်တမ်းဆော့ကြရအောင်ဆိုပြီး
ပြောပြီးတာနဲ့တစ်ပြိုင်နက် Chanyeolရဲ့
ဆံပင်တွေကို ကြက်တောင်စည်းပေး၊
မျက်နှာကိုလည်း ပေါင်ဒါတွေလျှောက်လိမ်းပေးကာ
နို့မှုန့်ဖျော်ထားတာတွေကိုလည်း
အတင်းတိုက်တတ်သေးသည်။

The boy who can govern me [COMPLETED] Where stories live. Discover now