CHAPTER [ 15 ]

6.3K 1K 129
                                    

(U)

" ကျောင်းတစ်ရက် ပျက်လိုက်တာ စာတွေနောက်ကျကုန်ပါပြီဟာ ''

" နင့်မှာ သူငယ်ချင်းမရှိဘူးလား။ သူတို့ဆီကငှါးပြီးကူးလေ ''

"ရှိတာက ရှိပါတယ်၊၊ ဒါပေမယ့် စာအုပ်မငှါးချင်ကြဘူး။ ဖုန်းနဲ့ပဲ ဓာတ်ပုံရိုက်မယ်ဆိုတာတောင် မပေးချင်ကြတာက ခပ်များများရယ် ''

Sung Be ပြောတော့မှ ကျွန်တော်လည်းညက Chanyeol လာပေးတဲ့စာအုပ်ကို ဖုန်းနဲ့ဓာတ်ပုံရိုက်ထားဖို့ အခုမှသတိရတော့သည်။

" ဒီကသူတွေက သိတဲ့အတိုင်းကိုယ့်အားကိုယ်ကိုးတွေလေ။ သူတို့ရေးထားတဲ့ notes တွေကိုငါမြင်သွားမှာ စိုးလို့ထင်ပါတယ် ''

Sung Be ကမှန်တင်ခုံရှေ့မှာထိုင်ကာ ခေါင်းဖြီးနေရင်း ကုတင်ပေါ်မှာခေါင်းအုံးကိုမှီကာထိုင်နေသည့် ကျွန်တော့်ကို မှန်ထဲကနေတစ်ဆင့် လှမ်းကြည့်လာသည်။

" နင်ရောဘယ်သူ့ဆီကစာကူးမှာလဲ၊နင့်မှာလည်းသူငယ်ချင်း သိပ်မရှိဘူးမလား? ''

" ရပါတယ် ငါ့ဟာငါကြည့်လုပ်လိုက်မယ် ''

ကိုယ့်မှာ သူ့လိုသူများဆီက စာအုပ်လိုက်ငှါးစရာမလိုအောင် စာကူးပေးထားသည့် ချစ်သူတစ်ယောက်လုံး ရှိတာသိရင် အားကျမှာအသေအချာ ။

...

ကျောင်းကိုရောက်ရောက်ချင်း လွယ်အိတ်တောင်မချနိုင်။

ဖုန်းကိုဖွင့်ကာ Xing လေးရဲ့ ig acc ထဲကိုဝင်ပြီး ဘာပုံတွေများ uploadလုပ်ထားလဲဟု လိုက်ကြည့်နေလိုက်သည်။

" Xingလေးက သိပ်ချစ်ဖို့ကောင်း ''

Xingလေးရဲ့ ig acc ထဲဝင်ကြည့်ပြီးတာနှင့် မနေ့ညက Sung Be ကူးထားပေးသည့် K-series တစ်ခုရဲ့ဇာတ်သိမ်းပိုင်းကို ဆက်ကြည့်နေလိုက်သည်။

ဇာတ်လမ်းထဲမှာ မင်းသားကမင်းသမီးကို တော်တော်ချစ်ရှာသည်။

ပေါ့ပေါ့ပါးပါး sweet & romance type လေးဖြစ်ပြီး
ကြည်နူးစရာလည်းကောင်းလှသည်။

ဇာတ်လမ်းကြည့်ရတဲ့ အဓိကအချက်ကတော့ မင်းသားကိုကြိုက်လို့ကြည့်ခြင်းသာ။

The boy who can govern me [COMPLETED] Where stories live. Discover now