CHAPTER [ 13 ]

6.6K 1K 142
                                    

(U)

မိုးလင်းလို့ မျက်လုံးစဖွင့်တည်းက ဖုန်း screen ကိုကြည့်နေတာ အခေါက်ပေါင်းမနည်းတော့။

Good morning ဆိုတဲ့ message လေးကိုမနေ့ကမှ ပူပူနွေးနွေးချစ်သူတော်ထားရသည့် Park Chanyeol လို့ခေါ်ဆိုသူထံမှ မျှော်နေတာ အခုထိရောက်မလာသေး ။

" ငါ ချက်ချင်းအဖြေပေးလိုက်လို့များလား ''

ခေါင်းပေါ်က ဆံပင်တွေကိုဆွဲဖွလိုက်၊ တစ်ယောက်တည်းစကားပြောလိုက် လုပ်နေတဲ့ကျွန်တော့်ရဲ့ပုံစံကြောင့် Sung Be က ရူးနေတာလားဟူသောအကြည့်ဖြင့် ကြည့်နေသည်။

" ဘာဖြစ်နေတာလဲ "

" ငါကဘာဖြစ်နေလို့လဲ ''

ဆံပင်ဖြီးရင်းမေးလာတဲ့ Sung Beကိုပိတ်အော်လိုက်တော့ သူကမှန်ထဲကနေကျွန်တော့်ကို မျက်စောင်းပြန်ထိုးပြသည်။

" ရုပ်က ရည်းစားပူမိနေသလိုလို၊ ရည်းစားကပစ်ထားလို့ တစ်ယောက်တည်း နေမထိထိုင်မသာဖြစ်နေသလိုလိုနဲ့ ဘာလဲ Chanyeol shi က ရည်းစားရသွားလို့လား ''

ရွဲ့စောင်းကာပြောလိုက်တဲ့စကားကြောင့် ဒေါသတွေအလိပ်လိုက် ထွက်လာသော်လည်း မျိုသိပ်လိုက်ရသည်။

Park Chanyeol က ငါ့ရည်းစားဟဲ့လို့ အော်ငေါက်ကာ ပြောလိုက်ချင်ပါသော်လည်း ရည်းစားအရင်ရတဲ့သူက Iphone Latest Model ဝယ်ပေးရမည်ဆိုတဲ့ ကတိကြောင့် သိုဝှက်ထားလိုက်ရသည် ။

...

ကျောင်းကိုအစောကြီးရောက်နေတာကြောင့် အခန်းထဲမှာဘယ်သူမှမရှိသေး။ တစ်ယောက်စ နှစ်ယောက်ရောက်လာကြသော်လည်း အခန်းထဲမှာလွယ်အိတ်ထားပြီး အခန်းအပြင်ကိုပြန်ထွက်သွားသည်။

ပေါင်မုန့်ကိုရေဖြင့်မျှောချကာ ခုံပေါ်ခေါင်းမှောက်ပြီး နေလိုက်သည်။ ဒီလအတွက်အိမ်ကပို့ပေးလိုက်သည့် ပိုက်ဆံကလည်း Zhang Yixing ရဲ့ album ဝယ်လိုက်တာနဲ့တင် ပြောင်သလင်းခါသွားပြီဖြစ်သည်။

အဲ့ဒါကြောင့် ရေသောက်ဗိုက်မှောက် နှစ်ဆယ့်ခြောက်ဆိုတဲ့ ဘဝကြီးကို ရောက်နေလေသည်။

" နေမကောင်းဘူးလား၊ ဘာလို့လဲ၊ ဘယ်နားကနာလို့လဲ၊ ခေါင်းကိုက်လို့လား၊ ဖျားနေတာလား၊ ကိုယ်ပူချိန် ဘယ်လောက်လဲ၊ အနွေးထည်ဝတ်မလာဘူးကွာ .. ချမ်းနေလား ''

The boy who can govern me [COMPLETED] Where stories live. Discover now