CHAPTER [ 18 ]

6K 989 103
                                    

(U)

ရေချိုးခန်းထဲမှာ မနေ့ကအဖြစ်အပျက်တွေကို ပြန်တွေးကြည့်လိုက်တော့ ရယ်ရအခက်ငိုရအခက်။

ဆန်ပြုတ်ဟု မခေါ်တွင်ထိုက်သောအရာကို ကုန်အောင်စားတဲ့မောင့်ကို အားလည်းနာရသလို အချစ်လည်းပိုရသည်။

မောင့်ရှေ့မှာ ဘယ်လိုတောင် Cooking Skill ကိုချပြခဲ့မိလဲ မသိတော့။

မောင် နောက်တစ်ခါဖျားရဲရင် ဖျားကြည့်စမ်း။

ဆန်ပြုတ်ကို ရေခဲရေနဲ့ဖျော်ပြီးတိုက်ပစ်မယ်။

ယုတ်ယုတ်မာမာ အတွေးတွေတွေးပြီး စပ်ဖြီးဖြီးဖြစ်နေတဲ့မျက်နှာကို မျက်နှာပိုးသတ်ချင်တာကြောင့် သွားတိုက်တဲ့သွားပွတ်တံကို ပါးစပ်ထဲမြန်မြန်ထည့်လိုက်တော့သည်။

ဒီအကြံတွေမောင်သာသိရင် မျက်ဖြူဆိုက်မည့်ကိန်း။

...

Projector မှာပြနေသောသင်ခန်းစာများကို လိုက်ကြည့်နေရင်း ကျွန်တော်အရမ်းငြီးငွေ့နေပြီဖြစ်သည်။သင်နေတဲ့ဆရာက အားကြိုးမာန်တက်ရှင်းပြနေပေမယ့်လည်း နားမလည်။

ကျွန်တော်တစ်ယောက်တည်း နားမလည်တာမဟုတ်ဘဲ အခန်းထဲက ကျောင်းသားတော်တော်များများလည်း နားမလည်မှန်းသိသာလှသည်။

ဥပမာအားဖြင့် မျက်စိဖွင့်ပြီးအိပ်နေတဲ့ကျောင်းသားတွေရယ်၊ Selfie ခိုးရိုက်နေတဲ့ ကျောင်းသူတစ်ချို့ရယ်၊ ဆရာလစ်တာနဲ့ ပါးစပ်ထဲကို မုန့်တွေအတင်းသွပ်ထည့်နေတဲ့ သူတွေရယ်၊ ဒီကြားထဲ projectorကြီးကို ပြုံးပြုံးကြီးစိုက်ကြည့်နေတဲ့သူတွေကလည်းရှိသေးသည်။

စာကို စိတ်ဝင်တစားလိုက်ကြည့်တဲ့သူဆိုလို့ လက်ချိုးရေလို့တောင်ရသည်။ ကျွန်တော့်ရဲ့မောင်လည်း အပါအဝင်ပေါ့။

သင်သမျှစာကိုစိတ်ဝင်တစား လိုက်ကြည့်ပြီး လိုက်မှတ်နေတဲ့ပုံကိုက ဘယ်လိုကြည့်ကြည့် မနာလိုချင်စရာကောင်းလောက်အောင် ခန့်နေတာ။

ရုပ်လည်းချောတယ်၊ အရည်အချင်းရှိတယ်၊

မိန်းကလေးတိုင်းက ပိုင်ဆိုင်ချင်ရလောက်အောင် အားကိုးချင်စရာကောင်းလောက်အောင် ပြည့်စုံနေသောထိုလူသားက ကျွန်တော်မှကျွန်တော်။

The boy who can govern me [COMPLETED] Where stories live. Discover now