CHAPTER [ 4 ]

8K 1.2K 93
                                    

( U )

လူကိုဘာမပြောညာမပြောနှင့် အတင်းဆွဲခေါ်လာတဲ့သူက ကျောင်းကန်တင်းရောက်မှ လက်ကိုလွှတ်ပေးတော့သည်။

" ဘာစားချင်လဲ ? "

ဘာမှမပြောဘဲ မကြားချင်ယောင်ဆောင်ကာ မသိသလိုနေလိုက်တော့ Chanyeol က သူ့ဟာသူပဲမှာတော့သည်။

" စတော်ဘယ်ရီရေခဲမုန့်တစ်ခွက် cheesecake တစ်ခုနဲ့ Pizza တစ်စိတ်၊ ကြက်ကြော်၊ ခေါက်ဆွဲ၊ ''

အရောင်းစာရေးမလေးကို တောက်လျှောက် rap ရွတ်သလိုမှာသွားတဲ့ Chanyeol ကို ကျွန်တော်အကြောင်သား ငေးကြည့်နေမိလိုက်သည်။

" မင်းကြိုက်တယ်မလား ကိုယ်မှာထားတာတွေ ''

ကျွန်တော့်ကို စိုက်ကြည့်ကာမေးလာတာကြောင့် သူနှင့်မျက်လုံးချင်း မဆုံစေရန် ကျွန်တော့်ဘက်ကစပြီးအကြည့်လွှဲလိုက်သည်။

canteen ရဲ့ ထောင့်ကျတဲ့နေရာမှာ စားနေတာတောင် ကျောင်းသူကျောင်းသားအကုန်လုံးက ကျွန်တော်တို့နှစ်ယောက် ထိုင်နေတဲ့ဝိုင်းကိုပဲ ကွက်ကြည့်ကွက်ကြည့်လုပ်နေတာကြောင့် အနည်းငယ်တော့ ကသိကအောင့်ဖြစ်ရသည်။

အဓိကအကြောင်းအရင်းကလည်း ကျွန်တော့်ရှေ့မှာ ထိုင်
နေတဲ့ Chanyeol ကြောင့်သာဖြစ်မည်။

ဘဝမှာတစ်ခါမှ အခုလိုလူတွေအများကြီး ဝိုင်းအုံကြည့်တာမျိုး မခံရဘူးတာကြောင့် အနည်းငယ်တော့စိတ်မချမ်းသာဖြစ်မိသည်။

အရင်နေ့တွေကလို Hoodie ဝတ်လာရင်ကောင်းသား။
ခေါင်းစွပ်ထားလို့ရသေးသည်။ ဒီနေ့မှ အဖြူရောင် shirt ဝတ်လာတာကြောင့် ဘယ်လိုမှပြေးမရပုန်းမရ။

" ဘာလို့မစားတာလဲ ခံတွင်းမတွေ့လို့လား ? ''

မျက်နှာရိပ် မျက်နှာကဲခတ်တာ အလွန်တော်သော Chanyeol ကြောင့် ကျွန်တော်စိတ်ကျဉ်းကျပ်ရပြန်သည်။

တကယ်ဆို သူနှင့်ကျွန်တော်တွေ့တာဖြင့် တစ်ပတ်တောင်မကြာသေး။ vitamin C ဘူးပေးတာကတစ်မျိုး၊ ဘယ်သူခေါ်ခေါ် ဂရုမစိုက်တဲ့သူက ကျွန်တော့်ကိုကျ ဘာမပြောညာမပြောနှင့် လက်ကိုအတင်းဆွဲခေါ်လာတာမျိုး၊ မိန်းကလေးတွေမပြောနှင့် စာသင်ပေးတဲ့ဆရာကိုတောင် မျက်လုံးချင်းစုံမကြည့်တဲ့သူက ကျွန်တော့်ကိုကျ လူအများသတိထားမိလောက်တဲ့အထိစိုက်ကြည့်နေတတ်တာမျိုး...

The boy who can govern me [COMPLETED] Where stories live. Discover now