CHAPTER [ 12 ]

6.7K 1K 126
                                    

(U)

စိတ်သဘောထားပြည့်ဝကာ စိတ်ထားဖြူစင်သောသူတွေရဲ့ ကိုယ်သင်းရနံ့တို့က နဂိုအတိုင်းနေတာတောင်သင်းပျံ့လျက်ရှိသည်ဟု စာအုပ်တစ်အုပ်တွင်ကျွန်တော်ဖတ်ဖူးသည်။

အခု Chanyeol ရဲ့စက်ဘီးနောက်မှာ ထိုင်စီးနေရင်းသူ့ဆီက ရသည့်ကိုယ်သင်းရနံ့က စာအုပ်ထဲမှာရေးထားတဲ့အတိုင်း။ဒါကြောင့် Chanyeol ကစိတ်သဘောတည်ကြည် ဖြောင့်မတ်တဲ့ယောကျာ်းဟု ကျွန်တော် မုချယုံကြည်လိုက်၏။

" Chanyeol ''

သူ့ခါးကိုတင်းကြပ်စွာဖက်လိုက်ပြီး ကျောပြင်ပေါ်မှာခေါင်းလေးမှီလိုက်တော့ ''ဗျာ''ဟုပြန်ထူးတာလေးကအစ ကျွန်တော့်အပြုံးတို့ကိုရပ်တန့်လို့မရနိုင်။

" Suho Hyung တစ်ယောက်တည်းကျန်ခဲ့တာ သနားပါတယ်နော် ''

" Baekhyun ''

" ဟင် ''

" မင်းလက်ကကိုယ့်ခါးပေါ်မရောက်ဘဲ ကိုယ့်ရဲ့ရင်ဘတ်ပေါ် ရောက်နေပြီ ''

ပွင့်ပွင့်လင်းလင်းပြောရှာသော Chanyeolကြောင့် ကျွန်တော့်မှာ အားနာသွားရသည်။ခုနက အားရပါးရဖက်လိုက်တာအရှိန်လွန်သွားပြီး လက်ကအပေါ်ဘက်ကိုရောက်သွားတာပဲဖြစ်ရမည်။

" ဆောရီးနော် ''

လက်ကိုပြန်ရုတ်လိုက်တော့ သူကစက်ဘီး Handle ကိုလက်တစ်ဖက်တည်းဖြင့် ထိန်းကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်က ကျွန်တော့်လက်တစ်ဖက်ကိုလာဆုပ်ကိုင်လာသည်။

" စက်ဘီးမှောက်ဦးမယ်နော် ''

" ကိုယ့်နောက်မှာထိုင်စီးနေတဲ့ passengerလေး ထိခိုက်အောင် ကိုယ်ကလုပ်ပါ့မလား ''

သိပ်ကိုစကားတတ်လွန်းတဲ့ Chanyeol ကြောင့် အပြုံးတွေဝေဆာရပြန်သည်။ ဒီဘဲကြီးကလူကို မကြွေကြွေအောင်ကိုခြွေချတတ်တာ။

...

ကျောင်းရဲ့ Farewell မှာ အခန်းတိုင်းအခန်းတိုင်းက story ဒါမှမဟုတ်ရင် movie တစ်ခုကို stage ပေါ်မှာပါဝင်သရုပ်ဆောင်ရမည်ဟု ထုတ်ပြန်လိုက်တာကြောင့် ဆရာဆရာမတွေမှာ စာသင်သည့်အလုပ်အပြင် ပါဝင်မည့်သူတွေကို ရွေးချယ်ရသည့်အလုပ်ပါ တိုးလာတော့သည်။

The boy who can govern me [COMPLETED] Where stories live. Discover now