CHAPTER [ 21 ]

5.2K 900 63
                                    

(U)

" သားငယ် မေမေ့ကိုလမ်းထိပ်က martမှာ ပဲငံပြာရည်လေးသွားဝယ်ပေးပါဦး ''

"ဘေးအိမ်ကို ဒီဟင်းလေးပို့ပေးပါဦး ''

"လမ်းထိပ်မှာ သတင်းစာလေးသွားယူပေးပါဦး ''

စသောစသော...TVရှေ့ထိုင်မည်ဟုကြံရုံပဲရှိသေး
မီးဖိုချောင်ထဲမှ လှမ်းပြီးအကူအညီတောင်းနေသော
အမေ့ကြောင့် Baekhyunမှာထသွားထလာ
လုပ်နေရသည်။

ကျောင်းတက်နေရတုန်းက မခိုင်းခဲ့ရသမျှကို
အခုမှစုပုံပြီးခိုင်းနေလားဟုတောင်သူ
ထင်မိသည်။

" သားငယ်ရေ ရေခဲသေတ္တာထဲက
ကင်ချီဘူးလေးထုတ်ပေးပါဦး ''

မီးဖိုချောင်ထဲကအမေက ဧည့်ခန်းထဲမှာ
ထိုင်နေတဲ့သူ့ကိုမှ တကူးတကခိုင်းနေတာကြောင့်
ထိုင်ငိုချင်စိတ်ပါပေါက်သွားသည်။

အမေတို့ဗျာ ခြေလှမ်းလေးသုံးလှမ်းလောက်လှမ်းလိုက်ရင်
ရေခဲသေတ္တာနားရောက်နေပြီကိုး။

အမေမကြားအောင်ခပ်တိုးတိုးပြောရင်း
ရေခဲသေတ္တာထဲက ကင်ချီဘူးကိုထုတ်ပေးကာ
သွားပေးလိုက်ရသည်။

"ဒီနေ့မင်းအစ်ကိုနဲ့မင်းမရီး အိမ်မှာထမင်းလာစားကြမှာလေ။
Sung Beလည်းလာမယ်လို့ပြောတယ် ''

Baekhyun ကသူ့အမေရဲ့စကားကို
ခေါင်းငြိမ့်ပြရင်း အသားဟင်းတစ်ဖတ်နှစ်ဖတ်ကို
နှိုက်စားနေလိုက်သည်။

"မေမေဟင်းတွေချက်နေတုန်းသားငယ်က
ဆန်ဆေးပြီးထမင်းပေါင်းအိုးလေး
ပလပ်ထိုးပေးထား ဟုတ်ပြီလား''

လေသံချိုချိုလေးနဲ့ခိုင်းတော့လည်း
Baekhyun မှာမငြင်းဆန်နိုင်တော့။
ထမင်းတည်တာက ဘယ်လောက်ခက်မှာမို့လို့လဲ။
ဆန်ကိုဘေစင်ထဲမှာထည့် သေချာဆေးပြီး
အိုးထဲထည့်၊ ရေထည့်ပြီးတည်ရုံပဲမလား။

ဆန်စေ့တွေကိုဘေစင်ထဲထည့်မည်ကြံနေတုန်း
အနောက်ကနေလှမ်းအော်လိုက်တဲ့အမေကြောင့်
Baekhyun တွန့်ခနဲဖြစ်သွားသည်။

"သားငယ် ဆန်ဆေးခိုင်းတာကိုဘာတွေ
လျှောက်လုပ်နေတာလဲ! "

"မေမေပဲ ဆန်ဆေးဆို ''

The boy who can govern me [COMPLETED] Tempat cerita menjadi hidup. Temukan sekarang