CHAPTER [ 10 ]

6.8K 1K 56
                                    

(U)

" ဟဲ့ ရရဲ့လား ''

မျက်လုံးတွေပါ နီရဲလာကာ သေမလိုရှင်မလိုသီးနေသော Sung Beကြောင့် ပွဲလာပရိတ်သတ်တွေကပါ လှည့်ကြည့်နေကြသည်။

"ရတယ် ရတယ်ငါဘာမှမဖြစ်တော့ဘူး။ အဟွတ် ''

Sung Be ကမချိပြုံးပြုံးကာ Chanyeolကိုကြည့်လိုက်၊  ကျွန်တော့်ကိုကြည့်လိုက်နဲ့ ခေါင်းတငြိမ့်ငြိမ့်လုပ်နေသည်။

မင်္ဂလာတီးလုံးသံ စတင်ထွက်ပေါ်လာတော့မှ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဘေးနားကနေထွက်သွားပြီး ခန်းမထဲသို့လှစ်ခနဲပြေးဝင်သွားသည်။

" ကျွန်တော်တို့လည်းဝင်ကြတော့မလား Chanyeol shi ''

" Hyunee ''

ခန်းမထဲကနေထွက်လာတဲ့ ဖေဖေ၊မေမေတို့က ကျွန်တော့်အနားကိုလျှောက်လာတော့ Chanyeol ကခေါင်းကိုငုံ့ကာဦးညွှတ်ပြီးနှုတ်ဆက်သည်။

" မဝင်သေးဘူးလား Hyunee၊ သူကဘယ်သူလဲ Hyunee ''

ကျွန်တော့်ဘေးနားမှာမတ်တပ်ရပ်နေတဲ့ Chanyeol ကို မေမေကသတိထားမိသွားတော့ မိတ်ဆက်ပေးလိုက်သည်။

" သူကသားရဲ့သူငယ်ချင်းChanyeol တဲ့၊Chanyeol ဒါက ငါ့အဖေနဲ့ ငါ့အမေ ''

Chanyeolက ကျွန်တော့်လက်ကိုဆုပ်ကိုင်လိုက်ပြီး ကျွန်တော့်မိဘတွေကိုနှုတ်ဆက်လိုက်သည်။

' မင်္ဂလာပါ ယောက္ခထီးနဲ့ ယောက္ခမကြီး။ကျွန်တော့်နာမည်က Park Chanyeol လို့ခေါ်ပါတယ် '

ခပ်တည်တည်ဖြင့်ပြောနေတဲ့ Chanyeol ရဲ့စကားကို အမေကသံယောင်လိုက်ကာ ထပ်ပြောသည်။

'' ယော ယောက္ခမကြီး ''

အဖေရောအမေပါ ကျွန်တော့်ကိုသို့လောသို့လော ကြည့်လာတာကြောင့် လက်တခါခါဖြင့်ရယ်ကာငြင်းရသည်။

" Chanyeol ကသိပ်အစနောက်သန်တာလေ ~ ဟဲဟဲ ''

ကျွန်တော်ကတော့ ရယ်မောကာမဟုတ်ကြောင်းငြင်းနေသော်
လည်း Chanyeolကဘာမှမဖြေရှင်းဘဲ တောင့်တောင့်ကြီးရပ်နေတာကြောင့် ကျွန်တော်အနည်းငယ်တော့တင်းသွားသည်။

" ကဲထားပါတော့ ဝင်ကြတော့လေ၊ သားတို့နှစ်ယောက်လုံး အခမ်းအနားကစနေပြီ ''

The boy who can govern me [COMPLETED] Where stories live. Discover now