CHAPTER [ 11 ]

7.2K 1K 79
                                    

(U)

" Hi Babe ''

ပါးချိုင့်တစ်ဖက်ပေါ်သည်အထိ ပြုံးပြကာနှုတ်ဆက်နေတဲ့သူ့ကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်စိတ်ထဲပျော်ရွှင်သွားသည်ကိုတော့ ကိုယ့်ကိုယ်ကိုသတိထားမိလိုက်သည်။

ဒါပေမဲ့ မျက်နှာကိုခပ်တည်တည်ထားကာမသိချင်ယောင်ဆောင်သလို မျက်နှာကိုတခြားတစ်ဖက်သို့လှည့်လိုက်တော့ သူကသဘောကျသလိုရယ်နေတော့သည်။

" ကားပေါ်တက်လေ ဘယ်သွားမှာလဲ လိုက်ပို့ပေးမယ် ''

" ရတယ် Taxi စီးသွားလိုက်မယ် ''

" Taxi ကိုဘယ်တုန်းကစီးလို့လဲ၊ ပြီးတော့မင်းလေးရဲ့အဖေက Taxiစီးရင်အပိုဝင်ငွေကုန်တယ်လို့ပြောတယ်ဆို ''

" နေပါဦး Park Chanyeol shi ကကျွန်တော့်အဖေရဲ့ဆုံးမစကားကိုဘယ်လိုသိတာလဲ ''

အဖေ့ရဲ့လက်သုံးစကားကြီးကို ကောင်းကောင်းသိနေတဲ့သူ့ကို
အံ့သြစွာမေးလိုက်တော့ shirtကော်လံကို ဟန်ပါပါထောင်လိုက်ရင်း Confidence အပြည့်ဖြေဆိုလာသည်။

" အချိန်တန်ရင် အမျိုးတော်ရမယ့်သူတွေပဲ။ ကိုယ့်ယောက္ခထီးကြီးရဲ့ Logicလေးတွေလည်းလေ့လာထားရတာပေါ့ ''

သူ့ဘေးက lover seatကို မျက်စပစ်ပြကာ ကားပေါ်တက်ရန်ပြောတော့ ကျွန်တော်လည်းကားတံခါးကိုဝုန်းခနဲဖွင့်ပြီး ဝုန်းခနဲပြန်ပိတ်လိုက်သည်။

သူ့မျက်နှာကိုကြည့်လိုက်တော့ ကျွန်တော်သူ့ကားကို ဒီလိုဝုန်းဒိုင်းဝုန်းဒိုင်းလုပ်တဲ့အပေါ် မကျေနပ်တဲ့မျက်နှာအမူအရာလုံးဝမပြ။

ကျွန်တော်သူ့အိမ်ကိုမီးရှို့ရင်တောင် စိတ်ဆိုးပါ့မလားမသိ။

" ဘယ်ကိုသွားမှာလဲ ''

" အဆောင်ကိုပဲပြန်ရမှာပေါ့၊ အဆောင်မှာ Sung Be တစ်ယောက်တည်း ကျန်ခဲ့တာ။ အပြင်ထွက်လို့မရဘူး ''

အကျိုးသင့်အကြောင်းသင့်ရှင်းပြလိုက်တော့ စောစောကပြုံးယောင်သန်းနေတဲ့ Chanyeol မျက်နှာက ချက်ချင်းကြီးတည်သွားတော့သည်။

" Lee Sung Be ကဘာမို့လို့လဲ Baekhyun ''

" ဘာကိုလဲ "

"Lee Sung Be ကိုအရမ်းဂရုစိုက်သလိုပဲနော် ''

The boy who can govern me [COMPLETED] Where stories live. Discover now