CHAPTER [ 19 ]

6.1K 900 122
                                    

(U)

စာမေးပွဲက တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ကျွန်တော်တို့နှစ်ယောက်ရဲ့ အတူရှိချိန်တွေက ယခင်ကထက်ပို၍ များလာသည်ဟု ကျွန်တော်ထင်မိသည်။

အတန်းမစခင် နှစ်ယောက်သားမနက်စာအတူတူစားကြရင်း သင်ပြီးသမျှ lectures တွေအကြောင်းဆွေးနွေးဖြစ်သည်။
စာသင်ချိန်မှာ ကျွန်တော်မမီလိုက်တဲ့ notesတွေ၊ကျောင်းပျက်တုန်းက လွတ်သွားတဲ့သင်ခန်းစာတွေကို စိတ်ရှည်လက်ရှည် ပြန်ရှင်းပြပေးသည်။

အတန်းမရှိတဲ့အချိန်ဆိုရင် နှစ်ယောက်အတူတူစာကြည့်တိုက်သွားကာ လိုအပ်တဲ့အချက်အလက်တွေကို ရှာဖွေစုဆောင်းကာကျက်မှတ်ကြသည်။

အရမ်းမှတ်သားရမှာများသည့် အကြောင်းအရာတွေဆို တစ်ယောက်က ဒီအပိုင်းကိုဖတ်၊ တစ်ယောက်ကကျန်တဲ့တစ်ပိုင်းကိုဖတ်။ပြီးရင် ကိုယ်ဖတ်ထားတဲ့အကြောင်းအရာတွေကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဆွေးနွေးဖြစ်ကြတာကြောင့် သိပ်မပင်ပန်း။

ဒါကြောင့် ကျောင်းတူ မေဂျာတူသည့်ကောင်လေးနှင့် ချစ်သူဖြစ်နေတာလည်း ကံကောင်းသည်ဟုဆိုရမည်။

ချစ်သူဆိုရင်လည်း သူ

ညီအစ်ကိုဆိုရင်လည်း သူ

သူငယ်ချင်းဆိုရင်လည်း သူ

ဂိုက်ဆရာဆိုရင်လည်း သူ

ကိုယ့်ရဲ့ခင်ပွန်းလောင်းလေးကလည်း သူ...

စာဖတ်နေရင်း ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေရင်း ငုံ့ပါများ၍ ဇက်ကြောတက်ချင်သလို ဖြစ်နေတာကြောင့် ခေါင်းကိုဘယ်ဘက်ပခုံးပေါ်သို့ ယိမ်းရန်ကြံနေတုန်းပဲရှိသေး ပခုံးပေါ်သို့ရောက်လာသည့်လက်တစ်ဖက်ကြောင့် အလျင်မီရပ်တန့်လိုက်ရသည်။

" ညောင်းနေပြီလား ''

စာကြည့်တိုက်ဆိုတဲ့နေရာက စကားပြောခွင့်မပြုတာကြောင့် နား,နားကိုကပ်ကာခပ်တိုးတိုးမေးလာတဲ့ Chanyeol ကို ခေါင်းခါပြလိုက်သည်။

" ရတယ်။ ကိုယ့်နေရာမှကိုယ်ထိုင်ပြီးစာဖတ်နေ ''

တခြားသူတွေလည်းရှိသေးတာကြောင့် တတ်နိုင်သမျှလေသံကို အောက်ဆုံးထိလျှော့ချကာပြောလိုက်ပြီး ကျွန်တော့်ပခုံးပေါ်က သူ့လက်တွေကို ဖယ်ရှားပစ်ရန်ကြံလိုက်လည်း တုပ်တုပ်တောင်မလှုပ်သည့်လက်တွေကြောင့် ကိုယ်ခန္ဓာတောင်တောင့်ခနဲဖြစ်သွားရသည်။

The boy who can govern me [COMPLETED] Where stories live. Discover now