Will See You Soon Yuyan!!

Start from the beginning
                                    

သူ သူမကို ရပ်တန့်လိုက်ပြီး ပြောသည်"ညီမလေး ငါရှုံးတယ် မင်းနိုင်တယ်"

အနောက် မှာထိုင်နေတဲ့ လူကတော့ မောင်နှမ နှစ်ယောက်၏ စကားများကို နားထောင်နေဆဲပင်။သူ့မျက်လုံးများက ပိတ်နေသော်လည်း သူက သူ့ရဲ့ချစ်စရာကောင်းတဲ့ အစွယ်များ ပေါ်အောင်ကို အားရပါးရ ပြုံးနေသည်။

"အစ်ကို Yang ငါက ဆယ့်ရှစ်နှစ်ပဲရှိသေးတာ
ငါ့ ဘဝအတွက် လုပ်စရာတွေ အများကြီးရှိသေးတယ် ပြီးတော့ အခုလို တရုတ်မှာပြန်နေဖို့ အစီအစဥ်ပြောင်းလိုက်တာက ငါရဲ့အစီအစဥ်တွေကို မွှေနောက်သွားခဲ့ပြီ ငါ လက်ထပ်ဖို့ အစီအစဥ် မရှိတာ မင်းသိပါတယ် ဒါက ဟာသ အဖြစ်သာ ပြောနေတာ"

Jiang Yang ကခေါင်းငြိမ့်ပြီး ပြောသည် "အတိတ်က အကြောင်းအရာက မင်းကို အကျိုးသက်ရောက်လာဖို့ ခွင့်မပြုနဲ့ မင်း မလုပ်ချင်တာကို ဘယ်သူမှ ဖိအားမပေးဘူး ငါတို့မိဘတွေက မင်းကို စီးပွားစီမံမှုကိုသာ သင်ယူစေချင်တာ ဒါပဲ" သူမရဲ့ စိုးရိမ်နေတဲ့ မျက်နှာကို ကြည့်၍ပြောသည်။

" မဟုတ်ဘူး ချမ်းသာတဲ့ စီးပွားရေးသမားတစ်ယောက်နဲ့ လက်ထပ်ပြီးမှသာ စီးပွားရေးလောက ကို ငါ နားလည်နိုင်လာမှာဆိုတာကို သိလို့ ငါ့ကိုသင်ယူစေချင်ကြတာ" သူမက ဆက်ပြောသည်"ငါ့ရဲ့အိမ် မ က်က ပိုကောင်းတယ်ဆိုတာ အစ်ကို သိပါတယ်"

"မတူဘူး ညီမလေးရဲ့ မင်းက ထူးကဲတဲ့ ဥာဏ်ရည် အံ့မခန်း အဆင့်တွေ နဲ့ ထူးချွန်တဲ့ ကျောင်းသူတစ်ယောက်ဆိုတာ လူတိုင်း သိပါတယ်"

Jiang Yang က သူ့မျက်လုံးထဲတွင် ဂုဏ်ယူမှုများ ထင်ဟပ်လျက် ပြောသည် ဒါပေမယ့် နောက်တစ်ခဏမှာတော့ စနောက်လိုတဲ့ အပြုံးက နေရာယူသွားပြီး ပြောသည် " ကဲ ဒါက မတူညီတဲ့ အရာတစ်ခုပဲ မင်းရဲ့ အပြစ်ကင်းပြီး မိုက် မဲတဲ့ ဘက်ခြမ်းကို မြင်ရတော့ မင်းရဲ့ဥာဏ်ရည်စမ်းသပ်မှုက မှားနေမှာ ငါစိုးရိမ်တယ်"

Jiang Yuyan က သူ့ကို ကျဥ်းမြောင်းသည့်အကြည့် ပေးသဖြင့် သူ့ အသံကို ချက်ချင်းပြောင်းပြီး သူမကို ချီးကျူးသည် "စီးပွားစီမံမှုက မင်းအတွက်တော့ ကိတ်မုန့်အပိုင်းအစလောက်ပဲ ရှိပါတယ်"

ငယ်ရွယ်တဲ့ မတ်က​​လေးဟာ အခု ငါ့ယောကျာ်းဖြစ်နေတယ်(Myanmar translation)Where stories live. Discover now